ဆွမ်ဆီးတိုက်စစ်မှူး ဘိုနီ ကို ခေါ်ယူရန် မန်စီးတီးအသင်း သဘောတူညီချက်ရ

817
ဆွမ်ဆီးတိုက်စစ်မှူး ၀ိုင်းဖရိုင်း ဘိုနီ ကို ခေါ်ယူဖို့ သဘောတူညီချက် ရရှိခဲ့ပြီလို့ မန်စီးတီးအသင်းက ပြောကြားလိုက်ပါတယ်။
ဘိုနီ ကို ခေါ်ဖို့ မန်စီးတီးက ပြီးခဲ့သည့် သီတင်းပတ်ကပင် ကြိုးစားခဲ့တာ ဖြစ်ပြီး ယူရို ၃၅ သန်းနဲ့ သဘောတူညီချက် ရရှိခဲ့ပြီး ယခုကာယကံရှင်နှင့် နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ယူအီးအက်ဖ်အေ ရဲ့ ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းကို မကျော်လွန်စေရန်အတွက် သူရဲ့ တစ်ပတ်လုပ်ခကို ပေါင် ၉၆၀၀၀ သာမန်စီးတီးက ပေးထားပေမဲ့ ဆုကြေးငွေများနှင့် အခြား ဘောနပ်စ်အမြောက်အများကို ရရှိမှာပါ။
အခု လုပ်ခလစာဟာ နောက်ခံလူ နက်စတာဆစ် ရရှိတဲ့ လုပ်ခလစာဖြစ်ပြီး ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ရှိနေတာကြောင့် မန်စီးတီးက ဘိုနီရဲ့လစာကို သတ်မှတ်ပေးနိုင်ခဲ့တာပါ။
လက်ရှိ မန်စီးတီးတိုက်စစ်မှာ အဂူရိုတစ်ဦးတည်းကိုသာ အားထားနေရပြီး ဘိုနီ ရောက်ရှိလာပြီမို့ တိုက်စစ် ပိုမို တောင့်တင်းသွား နိုင်ပါတယ်။