A d v e r t i s e m e n t With Us

အဲအေးရှားလေယာဉ် ပျံသန်းမှုမှတ်တမ်းတင်စက်ကို အောင်မြင်စွာ ဆယ်ယူနိုင်ပြီ

အဲအေးရှားလေယာဉ်ရဲ့  ပျံသန်းမှု မှတ်တမ်းတင်စက် (black box)ကို အောင်မြင်စွာ ဆယ်ယူနိုင်လိုက်ပြီလို့ အစိုးရ အရာရှိက ပြောပါတယ်။ The tail of AirAsia QZ8501 passenger plane is lifted onto the deck of the rescue ship Crest Onyx after it was raised from the sea bed, south of Pangkalan Bun, Central Kalimantanအင်ဒိုနီးရှား ရေတပ်က ရေငုပ်တပ်ဖွဲ့က ဒီနေ့ မနက် ၇ နာရီ ၁၁ မိနစ်မှာ အောင်မြင်စွာ ဆယ်ယူနိုင်လိုက်တယ်လို့ ကယ်ဆယ်ရှာဖွေရေး အဖွဲ့ ခေါင်းဆောင် ဘန်ဘမ်း စိုးလစ်ယိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လူ ၁၆၂ ယောက် လိုက်ပါသွားခဲ့တဲ့  အဲအေးရှားလေယာဉ် QZ8501 ဟာ လွန်ခဲ့တဲ့ နှစ်ပတ်က ဂျားဗားပင်လယ်ပြင်ထဲမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဒုတိယ အကြီးဆုံးမြို့ ဆူရာဘာယာမြို့ကနေ စင်ကာပူဆီကို ပျံသန်းရင်း ပျက်ကျခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ခရီးသည်အလောင်း အနည်းဆုံး ၄၈ လောင်းကို ဆယ်ယူရရှိထားပါတယ်။ လေယာဉ်ပျက်ကျပြီးနောက်ပိုင်း ရာသီဥတုအခြေအနေက တောက်လျောက်ဆိုးရွား ခဲ့တာကြောင့် လေယာဉ်ပျက်နဲ့ ခရီးသည် ရုပ်အလောင်း ရှာဖွေဆယ်ယူရေး လုပ်ငန်းတွေဟာ အတော့်ကို နှောင့်နှေးခဲ့ရပါတယ်။ အခု black box ကို ရှာတွေ့ပြီး ဖြစ်လို့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို သဲလွန်စ နိုင်ရနိုင်မယ် ကျွမ်းကျင်သူတွေက မျှော်လင့်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up