
သမ္မတ၊ ကာကွယ်ရေးဦးချုပ်၊ လွှတ်တော်အကြီးအကဲတွေနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံခေါင်းဆောင်တွေနေပြည်တော် သမ္မတအိမ်တော်မှာ ဒီကနေ့ မနက် ၉ နာရီခွဲလောက်က စတင် တွေ့ဆုံဆွေးနွေးနေကြပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးကြဖို့ သမ္မတက ဖိတ်ခေါ်ထားတာဖြစ်ပြီး ဒီကနေ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေ အပါအပ၀င် ဆွေးနွေးပွဲတက်ရောက်သူ ၄၀ ၀န်းကျင်လောက်ရှိ တယ်လို့ ဆွေနွေးပွဲ အပြင်ဘက်မှာ စောင့်ကြည့်နေ သူတွေ ကပြောပါတယ်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တုန်းကလည်း သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးအင်အားစု ၅စုက ခေါင်းဆောင် ၁၄ ယောက်တို့ ပထမဆုံးဆုံးအကြိမ် တွေ့ဆုံခဲ့ကြဖူးပြီး အချိန် အနည်းငယ်သာရလို့ တက်ရောက်သူတွေရဲ့ သဘောထားတင်ပြချက် သက်သက်ဖြစ်ခဲ့ပြီး သိသာ ထင်ရှားတဲ့ ရလဒ် တစ်စုံတရာမရခဲ့ဖူးလို့ ဝေဖန်ခံခဲ့ရပါတယ်။
ဒီတကြိမ် ဆွေးနွေးပွဲဟာလည်း ဖိတ်ကြားထားတဲ့ လူအရေအတွက် များလွန်းတဲ့အတွက် လူများပြီး ပွဲမစည် ဖြစ်နိုင်တယ်လို့ ဝေဖန်သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။