ခန္တီး၊ ဟုမ္မလင်း ကို နာဂဒေသတွင်း ထည့်သွင်းရန်တောင်းဆိုမှု ဒေသခံလူမျိုးများ ဆန္ဒပြ
DVB
·
January 12, 2015
ခန္တီး၊ ဟုမ္မလင်း ဒေသကို နာဂအမျိုးသားညီလာခံမှ နာဂဒေသအတွင်း ထည့်သွင်းတောင်းဆိုခဲ့မှုအပေါ် သဘောမတူတဲ့အတွက် ရှမ်းလူမျိုးအများစုပါဝင်တဲ့ ခန္တီး၊ ဟုမ္မလင်းဒေသခံများ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ဒေသခံ ပြည်သူလူထု အင်အား ၃ သောင်းကျော်ပါဝင်ခဲ့ပြီး ဟုမ္မလင်းမြို့နယ် အားကစားခန်းမမှာ ဇန်န၀ါရီလ ၁၁ ရက်နေ့က ကျင်းပခဲ့တာပါ။
အခုဆန္ဒပြပွဲ မတိုင်ခင် ခန္တီး၊ ဟုမ္မလင်း ဒေသကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲ မပါဝင်ရေး လူထုသဘောဆန္ဒ လက်မှတ်ကောက်ခံခဲ့ရာ လက်မှတ် ၁ သိန်း ၃ သောင်းကျော် ရရှိခဲ့ပါတယ်။
သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ
[gallery ids="76764,76765,76766,76767,76768,76769,76770,76771,76772,76773"]