A d v e r t i s e m e n t With Us

အာဆင်နယ်က စတုတ်စီးတီးကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

arsenal win stoke cityဇန်န၀ါရီ ၁၁ ရက် ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ အာဆင်နယ်က စတုတ်စီးတီးကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပြီး မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ ဆောက်သမ်တမ် အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ အာဆင်နယ်အသင်းဟာ စတုတ်အသင်းကို အသာစီး ကစားနိုင်ခဲ့ပြီး ဂိုးတွေကို ကွန်စီယယ်နီက ၁ ဂိုး၊ ဆန်းချက်က ၂ ဂိုး သွင်းယူပါတယ်။ ဆောက်သမ်တမ်အသင်းကတော့ တက်ဒစ်ရဲ့ သွင်းဂိုးနဲ့ အဝေးကွင်းမှာ မန်ယူကို အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဆောက်သမ်တမ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် သုံး အထိ တက်လှမ်းသွားပြီး မန်ယူက အဆင့် ၄၊ အာဆင်နယ်က အဆင့် ၅ နဲ့ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up