အာရှဖလားပွဲတွင် အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ

သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလား ဇန်န၀ါရီလ ၁၁ ရက်နေ့ ပွဲစဉ်တွေမှာ အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ Iran beat Bahrain 2-0in the Asian Cupဘာရိန်းအသင်းဟာ ကမ္ဘာ့အဆင့် ၁၂၂ မှာရှိပြီး အီရန်ရဲ့ ထိုးစစ်တွေကို ခံခဲ့ရပါတယ်။ ယူအေအီး အသင်းနဲ့ ကာတာပွဲမှာတော့ ယူအေအီးအသင်းက ၄ ဂိုး၊ ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ ၂ သင်းစလုံးဟာ အာရှမှာ အကောင်းဆုံး ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတွေ ဖြစ်ပါတယ်၊ ယူအေအီးအသင်းအတွက် ၂ ဂိုးကို တိုက်စစ်မှူး အာမက် ခါလီက သွင်းပေးခဲ့ပြီး နောက်နှစ်ဂိုးကို အလီ အာမက် မာကွတ်က သွင်းပေးခဲ့ပါတယ်။ ယူအေအီး အသင်းဟာ ဇန်န၀ါရီလ ၁၅ ရက်နေ့ကျရင် ဘာရိန်းအသင်းနဲ့ ယှဉ်မှာ ဖြစ်ပြီး ကာတာ အသင်းက အီရန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ၁၆ ကြိမ်မြောက် အာရှဖလားပွဲကို ဇန်န၀ါရီ ၉ ရက်ကနေ ၃၁ ရက်နေ့အထိ အသင်း ၁၆ သင်းပါဝင် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ ကစားခဲ့တဲ့ ပွဲတွေမှာ ဥဇဘက်ကစ္စတန်အသင်းက မြောက်ကိုရီးယားကို ၁ ဂိုး၊ ဂိုးမရှိ၊ တောင်ကိုးရီးယားနဲ့ အိုမန် အသင်းတို့ပွဲမှာတော့ တောင်ကိုရီးယားက ၁ ဂိုး ဂိုးမရှိ၊ တရုတ်က ဆော်ဒီ အာရေးဗီးယား အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ကြပါတယ်။ ဒီဇင်ဘာ ၉ ရက်နေ့က အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ သြစတြေးလျနဲ့ ကူဝိတ်ပွဲစဉ်မှာတော့ သြစတြေးလျ အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up