A d v e r t i s e m e n t With Us

တောင်ကိုရီးယားနိုင်ငံက ရေခဲပြင် ငါးဖမ်းပွဲတော်

တောင်ကိုရီးယားနိုင်ငံမြောက်ပိုင်း ဟွာချွန်း (Hwacheon) မြို့မှာ နှစ်စဉ်ကျင်းပမြဲ ရေခဲပြင် ငါးဖမ်းပွဲတော်ကို ဇန်န၀ါရီ ၁၀ ရက်နေ့က စတင် ကျင်းပခဲ့ပါတယ်။ ဆိုးလ်မြို့တော်မြောက်ဘက် ၇၅ မိုင်အကွာမှာ တည်ရှိပြီး အခုနှစ်မှာ လာရောက်သူ ၁ သိန်းခွဲရှိတယ်လို့ ပွဲတော်စီစဉ်သူတွေက ပြောဆိုပါတယ်။ ဒီနှစ် ရေခဲပြင် ငါးဖမ်းပွဲတော်မှာ နိုင်ငံခြားဧည့်သည် ၅၀၀၀ လောက် လာရောက် ပူးပေါင်းခဲ့ကြပါတယ်။ ပြင်သစ်နိုင်ငံသူတဦးက ပွဲတော်ကို ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပြီး အခုလို ကိုယ်တိုင်ကိုယ်ကျ ငါးဖမ်းရတာကို ပျော်ရွှင်တယ်လို့ ပြောဆိုပါတယ်။ ငါးဖမ်းရတာ စိတ်မရှည်သူတွေအတွက် ရေအေးဒဏ်ခံနိုင်ရင် ငါးကန်ထဲ ကိုယ်တိုင် ဆင်းဖမ်းလို့လည်း ရပါတယ်။ ဒီငါးဖမ်းပွဲတော်ကို ၂၀၀၃ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုတော့ ကိုရီးယားနိုင်ငံရဲ့ အဓိကပွဲတော်တွေထဲမှာ တခုအပါအ၀င်ဖြစ်နေပြီလို့ ဟွာချွန်း Hwacheon မြို့အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။ နှစ်စဉ် ဇန်န၀ါရီလ ၁၀ ရက်နေ့က စတင်ကျင်းပပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ကျင်းပတာလည်းဖြစ်ပါတယ်။ ဒီငါးတွေဟာ ရေခဲအမှတ်အောက် ၂၀ ဒီဂရီ စယ်စီးရပ်စ် (၆၅ ဒီဂရီ ဖာရင်ဟိုက်) မှာပဲ အသက်ရှင်နေနိုင်ပြီး နှစ်စဉ်လာရောက် ငါးဖမ်းသူ ၁ သန်းကျော်တယ်လို့လည်း ပွဲစီစဉ်သူတွေက ပြောဆိုပါတယ်။ သတင်းဓာတ်ပုံ - (Kim Hong-Ji/Reuters) [gallery ids="76739,76740,76741,76742,76743,76744,76745,76746"]

A d v e r t i s e m e n t With Us

More News
Up