ကုလကိုယ်စားလှယ် လားရှိုးတာဝန်ရှိသူများနှင့် တွေ့ဆုံ (ဓာတ်ပုံ)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ မစ္စ ယန်ဟီးလီဟာ ဒီနေ့ မွန်းလွဲပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ရောက်ရှိခဲ့ပြီးနောက် အခုလို ဆွေးနွေးခဲ့တာပါ။ ဒါ့အပြင် ဘာသာကြီးလေးဘာသာက ခေါင်းဆောင်တွေ၊ ပလောင်ကိုယ်ပိုင်အုပ်ခွင့်ရဒေသရဲ့ ဦးစီးအဖွဲ့ဝင်တွေ၊ လားရှိုးအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေ၊ အန်ဂျီအို ကိုယ်စားလှယ်တွေနဲ့ သူတည်းခိုးရာ ဂိုဒင်ဟော ဟိုတယ်မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။ ဇန်န၀ါရီ ၁၂ ရက်နေ့မှာတော့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်သားစုဆောင်းမှုကြောင့် ရွာလုံးကျွတ် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ လီဆူးတိုင်းရင်းသားတွေကို သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။ မစ္စယန်ဟီးလီဟာ ၁၀ ရက်ကြာ ခရီးအဖြစ် ပြီးခဲ့တဲ့အပတ်ကတည်းက မြန်မာနိုင်ငံရောက်ရှိနေတာပါ။ [gallery ids="76729,76730,76731,76732,76733,76734,76735,76736"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up