A d v e r t i s e m e n t With Us

အမေရိကန် ဒုသမ္မတဟောင်းကို ကန့်ကွက်ဆန္ဒပြ

ဗာဂျီနီးယား ပြည်နယ် မက်လိန်း (McLean) နယ်မြေမှာ ရှိတဲ့ အမေရိကန် ဒုသမ္မတဟောင်း ဒစ်ချေနီရဲ့ အိမ်ဝင်းနားမှာ မနေ့က လူအယောက် ၂၀  ဆန္ဒပြခဲ့ပြီး ၂ ဦးကို  ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ စစ်ဆန့်ကျင်ရေး ဆန္ဒပြသမားတချို့ဟာ လိမ္မော်ရောင် ထောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ဒစ်ချေနီရဲ့ အိမ်ဝင်းဆီကို ချီတက်ခဲ့ကြပါတယ်။ [caption id="attachment_76725" align="alignleft" width="318"]ဒုသမ္မတဟောင်း ဒစ်ချေနီ ဒုသမ္မတဟောင်း ဒစ်ချေနီ[/caption] ဂွာတာ နာမို အကျဉ်းထောင် ဖွင့်လှစ်ခြင်း ၁၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဆန္ဒပြတာလည်းဖြစ်ပါတယ်။ ရဲတွေ ရောက်လာပြီး ဆန္ဒပြသမားတွေ ကို နောက်ဆုတ်ခိုင်းခဲ့ပေ မယ့် ငြင်းဆန်တဲ့တဲ့အတွက် ဆန္ဒပြသူ ၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရဲအဖွဲ့ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။ အဖမ်းခံသူ ၂ ဦးလုံး ၀ါရှင်တန်က ဖြစ်ပြီး ပိုင်နက် ကျူးလွန်မှု၊ ဆူပူသောင်းကျန်းမှုတွေနဲ့ တရားစွဲခံရဖို့ ရှိပါတယ်။ အရင်လက အမေရိကန် အထက်လွှတ်တော်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ  ၂၀၀၁ စက်တင်ဘာလ ၁၁ ရက်နေ့ အဖြစ်အပျက် နောက်ပိုင်း အကြမ်းဖက်သမားအဖြစ် သံသယရှိသူတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေအကြောင်း  စီအိုင်အေက အိမ်ဖြူတော်ကို လိမ်ညာ အစီရင်ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။ [caption id="attachment_76726" align="aligncenter" width="531"]ဆန္ဒပြသူ ၂ ဦးကို ရဲက ဖမ်းဆီးစဉ် ဆန္ဒပြသူ ၂ ဦးကို ရဲက ဖမ်းဆီးစဉ်[/caption] ဒါပေမယ့် ဒီကိစ္စမှာ ဒစ်ချေနီက စီအိုင်အေဘက်က ရပ်တည်ကာကွယ်ခဲ့တဲ့အတွက် အခုလို ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။ ကျူးဘား ကမ်းရိုးတန်းဒေသရှိ ဂွာတာ နာမို အကျဉ်းထောင်ကို ၂၀၀၂ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး အခုအချိန်အထိ စစ်သွေးကြွအဖြစ် သံသယရှိသူ ၁၂၇ ယောက်ကို ဖမ်းဆီးထိန်းသိမ်းဆဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up