A d v e r t i s e m e n t With Us

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ၈၈ မျိုးဆက် ဆွေးနွေး

ဓာတ်ပုံ - The 88 Generation Peace and Open Society
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့  ၈၈ မျိုးဆက်တို့ ဒီနေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ ၁ နာရီခွဲကြာ တွေ့ဆုံခဲ့တယ်လို့ ၈၈ မျိုးဆက်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ [caption id="attachment_76722" align="aligncenter" width="627"]ဓာတ်ပုံ - The 88 Generation Peace and Open Society ဓာတ်ပုံ - The 88 Generation Peace and Open Society[/caption] တိုင်းပြည်ရဲ့  အဓိကပြဿနတွေကို တွေ့ဆုံဆွေးနွေးခြင်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အတိုင်း တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာဖို့နဲ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ နေပြည်တော် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရုံးမှာ တွေ့ဆုံပွဲကို ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးအပါအ၀င် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။ ၈၈ မျိုးဆက်အဖွဲ့ဟာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အပြင်၊ လွှတ်တော်ရေးရာ ကော်မတီအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံတယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up