တရုတ်နိုင်ငံက ရေခဲမုန့်ရောင်းသည့် စက်ရုပ်မလေး

2K
တရုတ်နိုင်ငံ၊ အရှေ့မြောက်ပိုင်း ရှန်ယန်း (Shenyang) မြို့က shopping mall မှာ စက်ရုပ်မလေးက ရေခဲမုန့်ရာင်းတာကို ဈေးဝယ်လာသူတွေ ပျော်ရွှင်စွာနဲ့ တန်းစီဝယ်ယူခဲ့ကြပါတယ်။
ဒီရေခဲမုန့်ဆိုင်လေးဟာ ရေခဲမုန့်ဝယ်သူတွေနဲ့ အမြဲစည်ကားနေလေ့ရှိပြီး စက်ရုပ်မလေးက ရေခဲမုန့်ကို ကျွမ်းကျွမ်းကျင်ကျင် ရောင်းနေတာတွေ့ရတော့ အတော့်ကို အံ့သြရတယ်လို့ ဈေးဝယ်တဦးက ပြောဆိုပါတယ်။
ဈေးဝယ်တွေကိုယ်တိုင် ရေခဲမုန့်အရသာ ၆ မျိုး ကွန်ပြူတာကနေ မှာယူရတာဖြစ်ပါတယ်။
ဒီစက်ရုပ်လေးဟာ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲလောက် တန်ဖိုးရှိပြီး ကွန်ပျူတာက စေခိုင်းတဲ့အတိုင်း တိတိကျကျအလုပ်လုပ်နိုင်တယ်လို့ ဈေးဝယ်ကုန်တိုက် shopping mall ၀န်ထမ်းတဦးက ပြောဆိုပါတယ်။
အဆစ်တွေအားလုံးဟာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ပြီး လှုပ်ရှားမှုတွေကို အနီအောက်ရောင်ခြည်နဲ့ ထိန်းချုပ်တယ်လို့ ပြောဆိုပါတယ်။
သတင်းဓာတ်ပုံ - ရိုက်တာ
[gallery ids="76712,76713,76714,76715,76716,76717,76718,76719"]