A d v e r t i s e m e n t With Us

သမ္မတနှင့်တွေ့ဆုံပွဲတွင် ကိုယ်စားလှယ်တဦး ၂ ကြိမ်စီ ဆွေးနွေးခွင့်ရမည်

ပထမအကြိမ် ဆွေးနွေးစဉ်က
သမ္မတနဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ဆွေးနွေးပွဲမှာ ကိုယ်စားလှယ်တဦးကို အနည်းဆုံး ၂ ကြိမ်စီ ဆွေးနွေးခွင့် ရရှိမယ့် ပုံစံမျိုး စီစဉ်ထားတယ်လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြောပါတယ်။ ဇန်န၀ါရီ ၁၂ ရက် နေပြည်တော်၊ သမ္မတအိမ်တော်၊ ငုရွှေဝါခန်းမမှာပြုလုပ်မယ့် သမ္မတနဲ့တွေ့ဆုံဆွေးနွေးပွဲကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တပ်မတော်တို့ဘက်က ကိုယ်စားလှယ် ၈ ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦး၊ တိုင်းရင်းသားပါတီ ကိုယ်စားလှယ် ၁၀ ဦးအပါအ၀င် စုစုပေါင်း ၄၈ ဦး ဖိတ်ကြားထားပြီး အမှန်တကယ်တက်ရောက်မယ့်သူစာရင်းကိုတော့ ဒီညနေမှသိရမယ်လို့ ဆိုပါတယ်။ အခုတွေ့ဆုံပွဲမှာ ကိုယ်စားလှယ်တယောက်ကို နှစ်ကြိမ် ဆွေးနွေးခွင့်ရမှာဖြစ်ပြီး တနေကုန် ဆွေးနွေးမယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။ “ဖိတ်စာမှာ ကတည်းက ဆွေးနွေးမယ့်ခေါင်းစဉ် ၃ ခုကို ပေးထားတာ ရှိပါတယ်။ အဲ့ဒီခေါင်းစဉ်အပေါ်မှာ သူတို့ကို ကျနော်တို့က အချိန်ကာလတခု သတ်မှတ်ပြီးတော့ သူ့ရဲ့ သဘောထားကို အရင်ပြောဖို့ စီစဉ်ထားပါတယ်။ အဲ့ဒါပြီးလို့ ဒုတိယအကျော့ကျရင်တော့ ရှေ့က အားလုံးဆွေးနွေးသွားကြတဲ့အပေါ် မူတည်ပြီးတော့ သူတို့ ပြောလိုတာရှိရင် ထပ်ပြီးဆွေးနွေးပေါ့၊ အဲ့လိုမျိုးသွားဖို့ စီစဉ်ထားပါတယ်။” အရင်တကြိမ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်တုန်းက ဆွေးနွေးခဲ့တာတွေနဲ့ ကြားကာလမှာ ပေါ်ထွက်လာတဲ့ အယူအဆတွေအပေါ်မူတည်ပြီးတော့ ဘယ်လိုဆက်လုပ်ကြမလဲဆိုတဲ့ အမြင်တွေကို စုစည်းမယ်၊ အမြင်တွေစုစည်းလိုက်တဲ့အခါ မူတခု ထွက်လာမယ်၊ အဲ့ဒီမူကို ပြန်ချပြ ဒီလိုပုံမျိုးနဲ့ပဲ ဆွေးနွေးပွဲတွေဆက်မယ်လို့လည်း ပြောပါတယ်။ [caption id="attachment_76705" align="aligncenter" width="656"]ပထမအကြိမ် ဆွေးနွေးစဉ်က ပထမအကြိမ် ဆွေးနွေးစဉ်က (ဓာတ်ပုံ - Hmuu Zaw)[/caption] ပထမအကြိမ်တုန်းက ဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီး သဘောထားကြေညာချက် တစုံတရာပေါ်ထွက်လာခဲ့ခြင်းမရှိပါဘူး။ ဒီတကြိမ်မှာတော့ ဆွေးနွေးပွဲတက်ကြမယ့်သူတွေ အားလုံး သဘောတူရင် ဖြစ်ပေါ်လာနိုင်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။ သမ္မတနဲ့ တွေ့ဆုံပွဲကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထင်ရှားတဲ့တိုင်းရင်းသားခေါင်းဆောင်တချို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အရင်တကြိမ် သမ္မတနဲ့ နိုင်ငံရေးအင်အားစု ၅ စုက ခေါင်းဆောင် ၁၄ ယောက်တို့ တွေ့ဆုံပွဲမှာ ဖိတ်ကြားချိန်နီးကပ်လို့ ဆွေးနွေးခြင်းမလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီတကြိမ်ဆွေးနွေးပွဲမှာ ၀င်ရောက်ဆွေးနွေးဖို့ ရှိပါတယ်။ ပထမကြိမ်ဆွေးနွေးပွဲဟာ သဘောထားတင်ပြချက် သက်သက်ဖြစ်ခဲ့ပြီး ဒီတကြိမ်ဆွေးနွေးပွဲဟာလည်း ဖိတ်ကြားထားတဲ့ လူအင်အားများပြားတဲ့အတွက် လူများပြီး ပွဲမစည်ဖြစ်နိုင်တယ်လို့ ဝေဖန်သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ (က) ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖြစ်ထွန်းစေရေး၊ (ခ) နိုင်ငံရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး၊ (ဂ) လွတ်လပ်ပြီး တရားမျှတသော ၂၀၁၅ ရွေးကောက်ပွဲများ အောင်မြင်စွာ ပြုလုပ်နိုင်ပြီး ညင်သာသော အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးနှင့် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှုများ ရရှိရေးအပါအ၀င် နိုင်ငံရေးကိစ္စရပ်များကို ဆွေးနွေးဖို့ သမ္မတက ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up