A d v e r t i s e m e n t With Us

အသတ်ခံရသည့် ကလေး ၈ ဦး ဈာပန သြစတြေးလျဝန်ကြီးချုပ် တက်ရောက်

ပြီးခဲ့တဲ့လက သြစတြေးလျနိုင်ငံ၊ အရှေ့မြောက်ပိုင်း ကန် Can မြို့မှာ အသတ်ခံခဲ့ကြရတဲ့ ကလေး ၈ ဦးရဲ့ ဈာပနအခမ်းအနားကို စနေနေ့က ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို သြစတြေးလျဝန်ကြီးချုပ် တိုနီအပ်ဘော့လည်း တက်ရောက် ပန်းခွေချခဲ့ပြီး တက်ရောက်သူအားလုံး ၅ ထောင်လောက်ရှိခဲ့ပါတယ်။ ၀န်ကြီးချုပ်က ဖော်ပြလို့မရလောက်အောင် ၀မ်းနည်းကြေကွဲရတယ်လို့ သူ့ရဲ့ တွီတာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ကလေးတွေရဲ့ မိခင်ဖြစ်သူ အသက် ၃၇ အရွယ် မာစာနေ ၀ါရီယာ Mersane Warria ကို လူသတ်မှုနဲ့ စွဲချက်တင်ထားပြီး လောလောဆယ်တော့ ဆေးရုံမှာပဲ ဆေးကုသခံယူနေတုန်းဖြစ်ပါတယ်။ ကလေးတွေအားလုံးဟာ အသက် ၁၈ လသား အရွယ်ကနေ အသက် ၁၄ နှစ်အရွယ် ကြားအရွယ်တွေဖြစ်ကြပါတယ်။ မိန်းကလေး ၄ ဦးနဲ့ ယောက်ျားလေး ၄ ဦးမှာ ၇ ဦးက  သားသမီးအရင်းတွေဖြစ်ကြပြီး ကျန်မိန်းကလေး ၁ ဦးကတော့ တူမတော်စပ်ပါတယ်။ အသုဘအခမ်းအနားကို မိခင်ဖြစ်သူ မတက်ရောက်ခဲ့ပါဘူး။ ကလေးတွေအသတ်ခံခဲ့ရတဲ့ အိမ်ကို ဖြိုဖျက်ပြီး ကလေးတွေအတွက် အောက်မေ့ဖွယ်အမှတ်တရ တခုဆောက်လုပ်မယ်လို့လည်း သိရပါတယ်။ သတင်းဓာတ်ပုံ - ရိုက်တာ [gallery ids="76694,76695,76696,76697,76698,76699,76700,76701"]

A d v e r t i s e m e n t With Us

More News
Up