မြန်မာဘက်ကသွင်းလာသည့် စိတ်ကြွဆေးများ ရေလယ်ကျွန်းတွင် ဖမ်းမိ

ကရင်ပြည်နယ် မြ၀တီမြို့ တဖက်ကမ်း  တာ့ခ်ခရိုင် မဲဆောက်မြို့မှာ မြန်မာဘက်က တင်သွင်းလာတဲ့ ယာမ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းရဲအရာရှိတဦးက ပြောပါတယ်။ ယာမစိတ်ကြွဆေးပြား ၈ သောင်း၊ ကျပ်ငွေ သိန်း ၄၀ နဲ့အတူ လူ ၂ ဦးကို ဇန်န၀ါရီလ ၁၁ ရက် မနက်စောစောက မဲဆောက်-မြ၀တီ တံတားအောက် ရေလယ်ကျွန်းမှာ ဖမ်းမိလိုက်တာလို့ ဆိုပါတယ်။ မနက် ၆ နာရီလောက်က မြ၀တီမြို့ဘက်က လာတဲ့ လူငယ် ၃ ဦးကို မဲဆောက်အ၀င် မဲဆောက်-မြ၀တီ တံတားအောက် ရေလယ်ကျွန်းမှာ ထိုင်းအာဏာပိုင်တွေက စစ်ဆေးတဲ့အခါ တဦးက ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ကျန် ၂ ဦးဖြစ်တဲ့ မောင်မင်းကို၊ စိုင်းကိုကို တို့နဲ့အတူ စိတ်ကြွဆေးတွေ ဖမ်းမိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မကြာခင် ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းမယ်လို့ ရဲအရာရှိက ပြောပါတယ်။ သတင်းဓာတ်ပုံ - စောဖိုးစီ [gallery ids="76680,76681,76682,76683,76684,76685,76686,76687,76688,76689,76690"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up