အခြေခံဥပဒေ မပြောင်းရင် ပြည်သူအားလုံး နစ်နာမည်ဟု ဟောင်ကောင်သူဌေးကြီးပြော

1.3K
ဟောင်ကောင်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်က ဟောင်ကောင်အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးမလုပ်နိုင်ရင် သူအပါအ၀င် ဟောင်ကောင်ပြည်သူတရပ်လုံး ဆုံးရှုံးနစ်နာကြရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
ဟောင်ကောင်ဥပဒေပြုကောင်စီက အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကို ခွင့်ပြုမှ ရှေ့လျှောက်တိုးတက်ကောင်းမွန်လာမယ်လို့ သူဌေးကြီး လီကာရှင်း Li Ka-shing က ဇန်န၀ါရီ ၉ ရက်နေ့မှာ ပြောဆိုပါတယ်။
အဲ့လိုမှ မဟုတ်ရင် ဟောင်ကောင်ပြည်သူတွေဟာ ဘယ်လိုမှ နှိုင်းဆလို့တောင် မရတဲ့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ပထမခြေလှမ်းအနေနဲ့ ဟောင်ကောင်အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို အားပေးရမှာဖြစ်ပြီး အဲ့ဒီကနေမှ ဒုတိယခြေလှမ်း၊ နောက်ပိုင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်နိုင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဒုတိယအကြိမ် လူထုဆွေးနွေးညှနှိုင်းပွဲတွေ စတင်မယ်လို့ ဇန်န၀ါရီ ၇ ရက်နေ့မှာ ဟောင်ကောင်အစိုးရက ကြေညာပါတယ်။
အရင်ဟောင်ကောင်အုပ်ချုပ်ရေးမှူးဟောင်း တန် ချီ ဟွာ Tung Chee-hwa ကတော့ ဟောင်ကောင်အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ငန်းဟာ အဆုံးအဖြတ်ပေးရမယ့်နေရာကို ရောက်ရှိနေပြီး လူတိုင်းက ပူးပေါင်းပါဝင်ဖို့ အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။