Home
အထွေထွေ
ရိုးမမာရသွန်ပြိုင်ပွဲတွင် ကင်ညာနိုင်ငံသားများ ဆုတံဆိပ်ဆွတ်ခူး
DVB
·
January 11, 2015
10917844_775575755824816_7947261616630573954_n
10917272_775589759156749_4026976795732157161_n
10620619_775575925824799_1043062643791212328_n
1508577_775589232490135_874731196875406346_n
တတိယ အကြိမ်မြောက် ရိုးမ မာရသွန်ပြိုင်ပွဲမှာ ပြည်ပက ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကင်ညာနိုင်ငံသားတွေ ဆုတံဆိပ် အများဆုံး ဆွတ်ခူးခဲ့ကြပါတယ်။ ဒီနေ့ပြုလုပ်ခဲ့တဲ့ ဒီပြိုင်ပွဲကို ရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီနဲ့ Firsr myanmar investment တို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူစိတ်ဝင်စားမူအများဆုံး အပြေးပြိုင်ပွဲကြီးဖြစ်ပါတယ်။ သုဝဏ္ဏအားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဒီပွဲမှာ လူထု ၄၀၀၀ ကျော်လောက်ပါဝင်ခဲ့တဲ့အပြင်  နိုင်ငံခြားသား အပြေးသမားတွေနဲ့  ၀ါသနာရှင်တွေလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ တတိယ အကြိမ်မြောက်လုပ်တဲ့ ရိုးမရန်ကုန် မာရသွန်ပြိုင်ပွဲကြီးမှာ  မာရသွန်အပြည့် ၄၂ ကီလိုမီတာ၊ တဝက် မာရသွန် ၂၁ ကီလိုမီတာနဲ့ စိန်ခေါ် ၁၀ ကီလိုမီတာ ဆိုပြီး ၀င်ပြိုင်စေခဲ့တာပါ။ ဒီ ၂၀၁၅ ခုနစ်အတွက် ရိုးမမာရသွန် (ကျား) ၁၀ ကီလိုမီတာ စိန်ခေါ် ပြိုင်ပွဲမှာ ပထမဆုကို paul kimani၊ ဒုတိယက မောင်ချက် နဲ့ တတိယက မောင်ရဲနိုင်ဝင်းတို့ အသီးသီး ရရှိခဲ့ကြပါတယ်။ အမျိုးသမီးပြိုင်ပွဲမှာတော့ ပထမဆုကို mecy gray၊ ဒုတိယက Countney နဲ့ တတိယဆုကိုတော့ Ruth Hannah Mckelvie တို့က အသီးသီး ရရှိခဲ့ကြပါတယ်။ ၄၂ ကီလိုမီတာ အမျိုးသားမာရသွန် အပြည့်ပြိုင်ပွဲမှာ ကင်ညာနိုင်ငံသား MR JOSEH က ပထမဆုံးဆုရခဲ့ပြီး မြန်မာနိုင်ငံသူ မမြင့်မြင့်အေးက ဒုတိယဆုရရှိခဲ့ပါတယ်။ ၂၁ ကီလိုမီတာ ပြိုင်ပွဲမှာတော့ ကင်ညာနိုင်ငံသား ၂ ဦးနဲ့ ကင်ညာနိုင်ငံသူ အမျိုးသမီး၂ ဦးက ရှေ့ဆင့်နောက်ဆင့် ပန်းဝင်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ  ကီလိုမီတာ အလိုက် ဆုကြေးငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၅၀ ကနေ အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၂၇၀၀ အထိ ပေးအပ်တာဖြစ်ပါတယ်။ ဒါ့ပြင် ဒီပြိုင်ပွဲမှာ ရရှိလာတဲ့ အလှူငွေတွေကို ကလေးငယ်စောင့်ရှောက်ရေးဂေဟာတွေကို ပြန်လည် လှူဒါန်းသွားမယ်လို့ ရိုးမ မာရသွန်ရဲ့ ပရဟိတသံတမန်ဖြစ်တဲ့ ဟစ်ဟော့အဆိုတော် စိုင်းစိုင်းခမ်းလိုင်က ပြောတယ်။ သတင်းဓာတ်ပုံ - အိမမမွန် [gallery ids="76670,76671,76672,76673"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024