A d v e r t i s e m e n t With Us

နိုင်ဂျီးရီးယားတွင် ကလေးအသေခံ ဗုံးခွဲမှုဖြစ်ပွား

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ဘိုကိုဟာရမ်ဆွန်နီသူပုန်တွေ အဓိကလှုပ်ရှားတဲ့မြို့မှာ မနေ့က ကလေးအသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၉ ဦးသေဆုံးသွားပါတယ်။ အသက် ၁၀ နှစ်လောက်ရှိတဲ့ မိန်းကလေးတဦးရဲ့ ကိုယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ပတ်ပြီး အသေခံဖောက်ခွဲခဲ့တာလို့ ဒေသခံရဲက ပြောဆိုပါတယ်။ ဒီဖောက်ခွဲမှုကို တာဝန်ခံတဲ့အဖွဲ့အစည်းတော့ မရှိသေးပေမယ့် ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ကပဲ လုပ်ဆောင်လေ့ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီဗုံးဖောက်ခွဲခဲ့တဲ့ ဈေးဟာ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းကလည်း အမျိုးသမီးအသေခံ ဗုံးခွဲတိုက်ခိုက်မှု ၂ ကြိမ်ဖြစ်ခဲ့ပါသေးတယ်။ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ် ၃ ခုမှာ ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က အစ္စလာမ္မစ်နိုင်ငံတော်ထူထောင်ဖို့ အစိုးရကို တိုက်ခိုက်နေတာ ၅ နှစ်ရှိပြီဖြစ်ပါတယ်။ ဇန်န၀ါရီလ ၃ ရက်နေ့ကလည်း နိုင်ငံအရှေ့မြောက်ပိုင်း မြို့က နိုင်ဂျီးရီးယားစစ်တပ်ကို သိမ်းပိုက်ခဲ့ပြီး တိုက်ခိုက်မှုတွေအတွင်း လူ ၁၀၀ ကျော်သေဆုံခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ဘိုကိုဟာရမ်အကြမ်းဖက်မှုစတင်ခဲ့ချိန်ကစပြီး လူသေဆုံးမှုအများဆုံးလို့ အဖွဲ့ကဖော်ပြပါတယ်။ တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူအများစုဟာ အလွယ်တကူမထွက်ခွာနိုင်တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့လည်း ဒေသခံအာဏာပိုင်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း မြို့ရွာတွေကို ဘိုကိုဟာရမ်အကြမ်းဖက်တွေက တိုးမြှင့်သိမ်းပိုက်လာကြပြီး မနှစ်က ၁ နှစ်ထဲမှာတင် လူ ၁ သောင်းကျော် သေဆုံးခဲ့ပါတယ်။ လူပေါင်း ၁ သန်းခွဲဟာလည်း အိုးအိမ်စွန့်ခွာခဲ့ကြရပါတယ်။

A d v e r t i s e m e n t With Us

More News
Up