ဘရစ္စဗိန်း တင်းနစ်ပြိုင်ပွဲတွင် ရှာရာပိုဗာ ဗိုလ်စွဲ

916
သြစတြေးလျနိုင်ငံ၊ ဘရစ္စဗိန်းမြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ဘရစ္စဗိန်း အင်တာနေရှင်နယ် Brisbane International တင်းနစ်ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်မှာ ရုရှားနိုင်ငံသူ မာရီယာ ရှာရာပိုဗာက ဆားဗီးယားနိုင်ငံသူ အိုင်ဗာနိုဗစ်ကို ၁ ပွဲရှုံး ၂ ပွဲနိုင်နဲ့ အနိုင်ရရှိသွားပါတယ်။
ဒါကြောင့် ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ ကျင်းပတော့မယ့် သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲအတွက် ဒီလက်ရည်ကို ဆက်ထိန်းထားနိုင်ရင် အခြေအနေကောင်းမယ့်ပုံရှိပါတယ်။
ရှာရာပိုဗာရရှိခဲ့တဲ့ တခုတည်းသော သြစတြေးလျအိုးပင်းဆုကတော့ လွန်ခဲ့တဲ့ ၇ နှစ်ကဖြစ်ပြီး အခုယှဉ်ပြိုင်ကစားခဲ့တဲ့ အိုင်ဗာနိုဗစ် Ivanovic ကိုပဲ အနိုင်ရရှိခဲ့တာပါ။
အခုနှစ်အတွက် ပထမဆုံး ဂရန်းဆလမ်း grand slam ဖြစ်တဲ့ သြစတြေးလျအိုးပင်းကိုလည်း နှစ်ဦးလုံးက ပစ်မှတ်ထားနေကြတာပါ။
ဒီပွဲမှာ ၂ ဦးစလုံး နိုင်ခြေရှိခဲ့ပေမယ့် ရှာရာဗိုဗာရဲ့ ထုံးစံအတိုင်း အမှတ်အသာရသွားရင် ပြိုင်ဘက်က နောက်ကနေ လိုက်ဖို့မလွယ်တော့တာလည်းဖြစ်ပါတယ်။
ဒီပွဲကို အနိုင်ရရှိဖို့ သူ့ရဲ့ Service က အဓိကကျခဲ့တယ်လို့ ရှာရာပိုဗာက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
ရှာရာပိုဗာဟာ လက်ရှိကမ္ဘာ့အဆင့်သတ်မှတ်ချက် ၂ ဖြစ်ပြီး အိုက်ဗာနိုဗစ်ကတော့ အဆင့် ၇ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - ရိုက်တာ
[gallery ids="76657,76658,76659,76660,76661,76662,76663"]