A d v e r t i s e m e n t With Us

ဒီဂီရာကို ပေါင်သန်း ၃၀ ဖြင့်ခေါ်ယူရန် ရီးရဲလ်ကြိုးပမ်းမည်

ရီးရဲလ်အသင်းက မန်ယူ ဂိုးသမား ဒီဂီရာကို ပေါင်သန်း ၃၀ ပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ David de Gea1ဒီဂီရာဟာ  မန်ယူနှင့်စာချုပ်သက်တမ်း ၁ နှစ်ခွဲသာကျန်တော့ပြီး  စာချုပ်သစ် သက်တမ်းတိုး မတိုး သူ့အဆုံးအဖြတ်ကို စောင့်နေချိန် ဖြစ်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့  ရက်ပိုင်းက ဘာစီလိုနာ ဂိုးသမားဟောင်း ဗဲလ်ဒက်စ်ကို ၁၈ လစာချုပ်နဲ့ ခေါ်ယူထားတာကြောင့် ဒီဂီရာရဲ့ ရှေ့ရေးအတွက် မေးခွန်းထုတ်မှုတွေ ရှိလာနေတာပါ။ မန်ယူနည်းပြ ဗန်ဂေါလ်ကတော့ ဒီဂီရာ မန်ယူနှင့် သက်တမ်းတိုးဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ ရီးရဲလ်ကလည်း  ဒီဂီရာအနေနဲ့ ဇာတိမြေ စပိန်ကို ပြန်လာချင်နေတယ်လို့ ယူဆပြီး  ခေါ်ယူခွင့်ရမယ်လို့  ယုံကြည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up