အမေရိကန် လူ့အခွင့်အရေး သံတမန် မြန်မာနိုင်ငံ ဒီနေ့ ရောက်မည်

1.5K
အမေရိကန် အစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ သံတမန် တွမ် မာလန် နော့စကီးဟာ ဒီနေ့ မြန်မာပြည်ကို ရောက်လာမယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
မာလန် နော့စကီးဟာ ဒီမိုကရေစီ လူ့အခွင့်ရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးဖြစ်ပါတယ်။
ခရီးစဉ်အတွင်းမှာ မြန်မာပြည်အခြေအနေမှန်ကို နားလည်ဖို့ နယ်ပယ်စုံက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး နားထောင်ဖို့ ရှိသလို၊ အမေရိကန် အစိုးရက မြန်မာအစိုးရနဲ့ ဆက်ဆံနေတဲ့ အခြေအနေတွေကိုလည်း အသိပေးသွားမယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အစိုးရ ခေါင်းဆောင်တွေနဲ့ မြစ်ကြီးနားနဲ့ ရန်ကုန်မှာ တွေ့ဆုံမယ်လို့ ဆိုပါတယ်။
ဒီလို တွေ့ဆုံပြီး အခြေအနေမှန်တွေ လေ့လာပြီးရင် အစိုးရ အရာရှိတွေနဲ့ နေပြည်တော်မှာ ဇန်န၀ါရီလ ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
[caption id="attachment_76647" align="aligncenter" width="600"]
မာလန် နော့စကီး[/caption]
အခု ခရီးစဉ်အတွင်းမှာ မြန်မာပြည်ရဲ့ တရားစီရင်ရေး စနစ်ကို ပြုပြင်ပြောင်းလဲရေးကိစ္စ၊ မြေသိမ်းယာသိမ်း ပြသနာတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့ သတင်းထောက်တွေ ဖမ်ဆီး ထိန်းသိမ်းခံနေရတဲ့ ကိစ္စတွေကို အစိုးရအရာရှိတွေနဲ့ နေပြည်တော်မှာ ၂ ရက်ကြာ ဆွေးနွေးမယ်လို့ ၀ါရှင်တန်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
မာလန်နော့စကီးဟာ မနှစ်ဇွန်လတုန်းလည်း မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေကို တိုက်တွန်းဖို့ မြန်မာပြည်ကို တပတ်ကြာ လာရောက်ခဲ့ဖူးပါတယ်။
အခုသူ့ခရီးစဉ်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူးရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ တိုက်ဆိုင်နေပါတယ်။
ကုလသမဂ္ဂ အထူးစုံးစမ်းရေးမှူးဟာ ယန်ဟီလီဟာ ၁၀ ရက်ကြာ ခရီးအဖြစ် အရင်တပတ် က မြန်မာပြည်မှာရောက်နေပြီး ဇန်န၀ါရီ ၉ ရက်နေ့မှာ ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေကို သွားကြည့်ခဲ့ပါတယ်။