A d v e r t i s e m e n t With Us

ဥဇဘက်ကစ္စတန်က မြောက်ကိုရီးယားကို ၁-၀ ဂိုးဖြင့် အနိုင်ရ

သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလား ဇန်န၀ါရီ ၁၀ ရက်နေ့ အုပ်စုဘီ ပွဲစဉ်မှာ ဥဇဘက်ကစ္စတန်အသင်းက မြောက်ကိုရီးယားကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၁ နာရီ ကျော်မှ ရရှိခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် ဆာဗာ ဂျီပါရို့ ဆင်ပေးတဲ့ ခေါင်းတိုက်ဘောကတဆင့် အိုင်ဂေါ် ဆာဂီးက သွင်းယူပေးတာ ဖြစ်ပါတယ်။ ပွဲချိန် မပြည့်ခင် ၁၅ မိနစ်လောက်မှာလည်း ဆာဂီးအတွက် ဒုတိယ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးဘားတန်းကို ကျော်သွားခဲ့ပါတယ်။ မြောက်ကိုရီးယား အသင်းဟာ အာရှဖလားမှာ အညံ့ဆုံး အသင်းစာရင်းဝင်ဖြစ်ပေမယ့် ဥဇဘက်ကစ္စတန် အသင်းကတော့ လွန်ခဲ့တဲ့ လေးနှစ်က ကာတာမှာ ကစားခဲ့တုန်းက ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ပွဲမှာ ဥဇဘက်ကစ္စတန် အသင်းက ဘောလုံးပိုင်ဆိုင်မှု ပိုများပေမယ့် အဆုံးသတ်ဘောတွေမှာ အချိတ်အဆက်မမိဘဲ ဂိုးရှေ့မှာ အချိန်တွေ ဖြုန်းခဲ့ပါတယ်။ အဝေးကန်ချက်တွေကလည်း မသေချာခဲ့ဘဲ ပွဲပြီးခါနီးမှာ မြောက်ကိုရီးယားဘက်က ပါ့ခ်ဂွန်ရွန်းရဲ့ ခေါင်းတိုက်ချက်ကို ဥဇဘက် ကစ္စတန် ဂိုးးသမား အသည်းအသန် ကာကွယ်ခဲ့ရပါတယ်။ ၁၆ ကြိမ်မြောက် အာရှဖလားပွဲကို ဇန်န၀ါရီ ၉ ရက်ကနေ ၃၁ ရက်နေ့အထိ အသင်း ၁၆ သင်းပါဝင် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ဇန်န၀ါရီ ၁၀ ရက်နေ့မှာပဲ ကစားတဲ့ တောင်ကိုးရီးယားနဲ့ အိုမန် အသင်းတို့ပွဲမှာတော့ တောင်ကိုရီးယားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၉ ရက်နေ့က အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ သြစတြေးလျ ကူဝိတ်ပွဲစဉ်မှာတော့ သြစတြေးလျ အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဓာတ်ပုံ - afcasiancup.com [gallery ids="76616,76617,76618,76619,76620,76621,76622,76623,76624,76625,76626,76627,76628,76629,76630,76631,76632,76633"]

A d v e r t i s e m e n t With Us

More News
Up