A d v e r t i s e m e n t With Us

စမ်းသပ်ဆဲ အီဘိုလာဆေး နောက်ဆုံးအဆင့်ရောက်၊ စတင်ဖြန်ချိတော့မည်

ဓာတ်ခွဲစမ်းသပ်ဆဲ အီဘိုလာ ကာကွယ်ဆေးဟာ နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်လို့ အီဘိုလာ ဗိုင်းရပ်စ်အဆိုးရွားဆုံး ပျံ့နှံ့ကူးစက်ခဲ့တဲ့ အနောက်အာဖရိက နိုင်ငံ ၃ နိုင်ငံမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ စတင်ဖြန့်ချီတော့မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က မနေ့က ကြေညာပါတယ်။ ဆေးထုတ်လုပ်သူ ပညာရှင် ၉၀ နီးပါးနဲ့ ကျန်းမာရေး အာဏာပိုင်တွေ တက်ရောက်ခဲ့တဲ့ ကာကွယ်ဆေးဆိုင်ရာ ဒုတိယအစည်းအဝေးအပြီး ခုလိုကြေညာခဲ့တာပါ။ Scientists at the National Microbiology Lab in Winnipeg prepare an experimental Ebola vaccine for shipment to the World Health Organization“ကာကွယ်ဆေး ၂ မျိုးဟာ ခုတော့ ဘေးကင်းမှုနဲ့ ရောဂါခုခံနိုင်စွမ်းကို စမ်းသပ်တဲ့ ပထမအဆင့် ပြီးစီးပြီဖြစ်လို့ တုံ့ပြန်မှုက လက်ခံနိုင်စွမ်းရှိတဲ့ ဘေးကင်းမှုကို ပြနေပြီ။ သုံးစွဲနိုင်တဲ့ လမ်းကြောင်းပေါ်ရောက်နေတဲ့ အဆင့်အမြင့်ဆုံး ကာကွယ်ဆေး ၂ မျိုးဖြစ်တဲ့အတွက် သတင်းကောင်းပဲ” လို့ WHO လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာရီပေါ်လီ ကေနီက သတင်းထောက်တွေကို ပြောပါတယ်။ အရင်လကတော့ ကမ္ဘာ့ကာကွယ်ဆေး မဟာမိတ်အဖွဲ့ (GAVI) က အီဘိုလာထိုးဆေးကို ဒေါ်လာ သန်း ၃၀၀ နဲ့ ဝယ်ဖို့ ကတိပြုခဲ့ကြောင်း ပြောပါတယ်။ ဆီရီယာလီယွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ကလေးကျန်းမာရေးနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဌာန အကြီးအကဲ ဆင်မျူယယ် ကာဘိုကတော့ ကမ္ဘာကြီးဟာ အီဘိုလာကို တိုက်ဖျက်ရာမှာ ကူညီဖို့ ငွေကြေးကိစ္စကို ဘေးဖယ်ထားသင့်တယ်လို့ ပြောပါတယ်။ လောလောဆယ်မှာတော့ အီဘိုလာကူးစက်မှုကို ကာကွယ်မယ့် အတည်ပြုပြီးဆေး မရှိသေးပါဘူး။ ကမ္ဘာ့အဆိုးရွားဆုံး အီဘိုလာကူးစက်မှုအတွင်း လိုက်ဘေးရီးယား ဆီရီယာလီယွန်နဲ့ ဂီနီနိုင်ငံတွေမှာ လူအယောက် ၈ ထောင်ကျော် သေဆုံးခဲ့ပြီးပါပြီ။

A d v e r t i s e m e n t With Us

More News
Up