A d v e r t i s e m e n t With Us

ကောလိပ်ပညာရေး အခမဲ့သင်ခွင့်ပြုရေး အဆိုပြုချက် အိုဘားမား ကြေညာ

အမေရိကန်နိုင်ငံတွင်း ၂ နှစ်သင် ကောလိပ်ပညာရေးအတွက် အခမဲ့ သင်ခွင့်ပြုဖို့ အဆိုပြုချက်ကို သမ္မတ ဘားရတ်အိုဘားမားက  ကြေညာလိုက်ပါတယ်။ နိုဝင်ဘာရွေးကောက်ပွဲမှာ အထက်လွှတ်တော်ကို ရီပတ်ဘလစ်ကင်ပါတီဝင်တွေက အနိုင်ရအပြီး အောက်လွှတ်တော်မှာ ပထမဆုံး ပြောမယ့် မိန့်ခွန်းမတိုင်ခင် ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။ obama“လိုအပ်တဲ့ ပညာရေးနဲ့ ကျွမ်းကျင်မှုတွေကို အမေရိကန်နိုင်ငံသားအားလုံး လူငယ်တွေရော၊ နှလုံးသားမှာ ငယ်ရွယ်နုပျိုသူတွေပါ သင်ကြားနိုင်စွမ်းရှိသင့်တယ်။ ဒါကြောင့် ဒီနေ့ ရည်မှန်းချက်ကြီးတဲ့ စီမံကိန်းသစ်ကို ကြေညာတယ်။ ပညာရေးအသုံးစရိတ်ကို အခမဲ့ဖြစ်စေချင်တယ်” လို့ အိုဘားမားက ပြောပါတယ်။ ကျောင်းသားတွေက အမှတ်မြင့်ဖို့ သူတို့အပိုင်းကို လုပ်ရမှာဖြစ်ပြီး ကောလိပ်တွေကတော့ အရည်အသွေးမြင့် ပညာရေးကို ကမ်းလှမ်းဖို့ သူတို့အပိုင်းကို လုပ်သင့်တယ်။ အစိုးရကလည်း သူတို့အပိုင်းကို လုပ်သင့်တယ်။ အခမဲ့ဆိုတာ အလကားမဟုတ်ဘူး” လို့ အိုဘားမားက ပြောပါတယ်။ အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ တန် စီမံကိန်းဟာ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပွဲဆူတဲ့ ခေါင်းစဉ်ဖြစ်လာနေပြီး ရီပတ်ဘလစ်ကင် ပါတီဝင်တွေကတော့ အခမဲ့အစီအစဉ်ကြောင့် အိမ်ဖြူတော်ကို ပယ်ပယ်နယ်နယ် ရှုတ်ချခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up