A d v e r t i s e m e n t With Us

ရွေးကောက်ပွဲအနိုင်ရ သီရိလင်္ကာသမ္မတ ကျမ်းသစ္စာကျိန်ဆို

သီရိလင်္ကာသမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အတိုက်အခံကိုယ်စားလှယ် မိုင်သရီပါလာ စီရိစေနာဟာ မနေ့က သီရိလင်္ကာရဲ့ ၆ ဆက်မြောက် သမ္မတအဖြစ် သီရိလင်္ကာမြို့တော် ကိုလံဘိုက လွတ်လပ်ရေးရင်ပြင်မှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။ နိုင်ငံတွင်း အဂတိလိုက်စားမှုတွေနဲ့ ဆွေမျိုးကောင်းစားရေးဝါဒတွေကြောင့် နာမည်ပျက်နေပြီး အာဏာရှင်ပိုဆန်လာနေတယ်လို့ အကဲခတ်တွေကပြောတဲ့ ဆယ်စုနှစ်ချီကြာနေတဲ့ အုပ်ချုပ်မှုစနစ် အဆုံးသတ်ပြီဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။ စီရိစေနာဟာ တချိန်ကသမ္မတ မဟင်ဒြာရာဂျာပတ်စာရဲ့ မဟာမိတ်ဖြစ်ပြီး နိုဝင်ဘာလက ဘက်ပြောင်းခဲ့သူပါ။ Sri Lanka's newly elected president Mithripala Sirisena waves at media as he leaves the election commission in Colomboဇန်န၀ါရ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အလွယ်နိုင်မယ်လို့ ယူဆထားတဲ့ ရာဂျာပတ်စာကို ၅၁.၃ ရာခိုင်နှုန်းနဲ့ မဲနိုင်ခဲ့တယ်လို့ ရွေးကောက်ပွဲ ဌာနက ဆိုပါတယ်။ စီရိစေနာဟာ လူများစု ဆင်ဟာလီဗုဒ္ဓဘာသာ ဝင် ဖြစ်ပေမယ့် တမီလ်၊ မွတ်စလင်တွေနဲ့ အဆက်အဆံရှိပြီး ပါတီငယ် အများအပြားရဲ့ ထောက်ခံမှုကို ရခဲ့သူပါ။ သူ့မဟာမိတ်တွေကတော့ သူဟာ နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြန်ထိန်းလိမ့်မယ်လို့ ပြောပါတယ်။ လတ်တလောနှစ်တွေအတွင်း သီရိလင်္ကာဟာ တရုတ်ဘက်ကို အများကြီး ယိမ်းယိုင်ခဲ့ပြီး အနောက်နိုင်ငံတွေကတော့ တမီလ်ခွဲထွက်ရေးသမားတွေနဲ့ ပဋိပက္ခအဆုံးသတ်ချိန် စစ်ရာဇဝတ်မှုတွေကျူးလွန်တယ်လို့ စွဲချက်တင်ခဲ့တာပါ။ Supporters of presidential candidate Mithripala Sirisena celebrate on a roadသမ္မတက နိုင်ငံကို သူပေးခဲ့တဲ့ ကတိတွေကို အကောင်အထည်ဖော်မယ်လို့ ရာထူးအပ်နှင်းပွဲမှာ ပြောပါတယ်။ “မဲရှင် ၆.၂ သန်းက တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ တာဝန်တွေ ကျနော်တို့ကို ပေးလိုက်ပြီးပြီ။ ဒီတာဝန်တွေကို အောင်မြင်အောင် ထမ်းဆောင်မယ်” လို့ သူက ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် သမ္မတသက်တမ်းကို ဆက်ယူဖို့ ရည်မှန်းချက် မရှိဘူးလို့လည်း ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ သမာသမတ်ကျကျ နိုင်ခဲ့တဲ့ ရာဂျာပတ်ဆာလက်ထက်မှာ တိုင်းပြည် စီးပွားရေး တိုးတက်ခဲ့ပေမယ့် မဲရှင်တွေကတော့ နေထိုင်မှုစရိတ် ကြီးမြင့်လာတာကို ဝေဖန်ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up