တောင်ကိုရီးယားက အိုမန်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

1.3K
သြစတြေးလျနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၅ ခုနှစ် (၁၆) ကြိမ်မြောက် အာရှဖလား ပြိုင်ပွဲမှာ ဇန်န၀ါရီလ ၁၀ ရက်နေ့ အုပ်စု (က) ဒုတိယ ပွဲစဉ်အဖြစ် တောင်ကိုရီးယား အသင်းက အိုမန် အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီကနေ့မှာည်း အုပ်စု (ခ) က ဥဇဘက်ကစ္စတန်နဲ့ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗီးယားနဲ့ တရုတ်နိုင်ငံတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့က အာရှဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ သြစတြေးလျ ကူဝိတ်ပွဲစဉ်မှာတော့ သြစတြေးလျ အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အုပ်စု(က)မှာတော့ သြစတြေးလျ၊ တောင်ကိုရီးယား၊ ကူဝိတ်နဲ့ အိုမန်တို့ တအုပ်စုတည်း အတူ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို ဇန်န၀ါရီ ၉ ရက်ကနေ ၃၁ ရက်နေ့အထိ အသင်း ၁၆ သင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်သလို အနိုင်ရတဲ့ အသင်းကတော့ ရုရှားမှာ ကျင်းပမယ့် ၂၀၁၇ ဖီဖာတိုက်ကြီးများ ချန်ပီယံပြိုင်ပွဲမှာ ကစားခွင့် ရမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယား - အိုမန် (ဓာတ်ပုံ - afcasiancup.com)
[gallery ids="76565,76566,76567"]
သြစတြေးလျ - ကူဝိတ် (ဓာတ်ပုံ - afcasiancup.com)
[gallery ids="76568,76569,76570,76571,76572,76573,76574,76575,76576,76577,76578,76579,76580,76581,76582,76583,76584,76585,76586"]