A d v e r t i s e m e n t With Us

ပျက်ကျ အဲအေးရှားလေယာဉ် အမြီးပိုင်း အင်ဒိုနီးရှားရေတပ် ဆယ်ယူ

ပြီးခဲ့တဲ့ သတင်း ၂ ပတ်က ပျက်ကျသွားတဲ့ အဲအေးရှား လေယာဉ်အမြီးပိုင်းကို ပင်လယ်ရေအောက်ကနေ အင်ဒိုနီးရှား ရေတပ်က ဆယ်ယူလိုက်ပါတယ်။ airasia-tail-wbလေထိုးထားတဲ့ ကိရိယာတွေကို အသုံးပြုပြီး ရေငုတ်သမားတွေက အမြီးကို ပင်လယ် ရေမျက်နှာပြင်ပေါ် ဆယ်ယူခဲ့ပါတယ်။ airasia-flight-8501-search-part-of-the-tail-floatsဒါအပြင် လေယာဉ် ပျံသန်းမှု မှတ်တမ်းတင်ပေးတဲ့ ဘလက်ဘော့စ်ကိုလည်း ရှာဖွေနေပါတယ်။ အရာရှိတွေကတော့ ဒါဟာ အမြီးနဲ့ တနေရာစီမှာ ရှိနိုင်တယ်လို့ ယူဆနေပါတယ်။ စီးနင်းသူ ၁၆၂ ဦးလိုက်ပါလာတဲ့ အင်ဒိုနီးရှားကနေ စင်ကာပူကို ထွက်ခွာလာတဲ့ QZ8501 လေယာဉ်ဟာ ရာသီဥတုဆိုးဝါးတဲ့အတွက် ဒီဇင်ဘာ ၂၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့ပါတယ်။ အလောင်း ၄၈ လောင်းကို ဆယ်ယူရထားပြီးဖြစ်သလို ကျန်တဲ့အလောင်းတွေကိုလည်း လေယာဉ်ကိုယ်ထည်ထဲမှာ ရှိနေမယ်လို့ ကယ်ဆယ်တဲ့သူတွေက ယုံကြည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up