A d v e r t i s e m e n t With Us

ဘရာဇီးတွင် ရထားခဈေးနှုန်း တိုးမြင့်မှု ပြည်သူများ ဆန္ဒပြ

ဘရာဇီးနိုင်ငံ ဆောင်ပါလိုမြို့မှာ မြို့တွင်းဘတ်စ်ကား၊ မြို့ပတ်ရထားနဲ့ မြေအောက်ရထား ပြေးဆွဲမှုအတွက် အခကြေးငွေ မြင့်တက်လာတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မနေ့က အကြမ်းဖက်လာခဲ့ပါတယ်။ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ဘရာဇီးရဲ့ အကြီးဆုံးမြို့က မြို့လယ်အဓိကလမ်းတွေပေါ် လျှံကျလာခဲ့တာပါ။ အခကြေးငွေကို ဘရာဇီးငွေ ၃ ဟေးယပ်စ်ကနေ ၃.၅ ဟေးယပ်စ် တိုးမြှင့်မယ့်အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြတာဖြစ်ပါတယ်။ ဆန္ဒပြမှုကို ဆောင်ပါလိုမြို့က အခမဲ့ ခရီးစရိတ်လှုပ်ရှားမှုအဖွဲ့က စီစဉ်ပြီး အခမဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက်လည်း ဆော်သြလိုက်ပါတယ်။ ဆန်ဒပြမှု အများစုက ငြိမ်းချမ်းခဲ့ပေမယ့် တချို့နေရာတွေမှာ ဖျက်ဆီးမှုတွေ ရှိတယ်ဆိုတဲ့ အစီရင်ခံမှုတွေ ထွက်ရှိခဲ့ပါတယ်။ ရဲတွေက လူစုခွဲဖို့ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဘရာဇီးနိုင်ငံက ကွန်ဖယ်ဒရေးရှင်း တိုက်ကြီးများဖလား ဘောလုံးပွဲကို တည်ခင်းကျင်းပမှု မလုပ်ခင် ဒီလှုပ်ရှားမှုက ကြီးထွားလာခဲ့ပါတယ်။ [gallery ids="76537,76538,76539,76540,76541,76542,76543,76544"]

A d v e r t i s e m e n t With Us

More News
Up