ရန်ကုန်တိုင်းတွင် ယာဉ်တိုက်မှုကြောင့် တပတ်အတွင်း ၁၄ ဦး သေဆုံး
ပိုင်စိုး
·
January 10, 2015
ရန်ကုန်တိုင်းမှာ ယာဉ်တိုက်မှုကြောင့် တပတ်အတွင်း လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ပြောပါတယ်။
[caption id="attachment_76510" align="aligncenter" width="650"] ဓာတ်ပုံ - ရဲဇာနည်[/caption]
ဇန်န၀ါရီ ၂ ရက်ကနေ ၈ ရက်နေ့အထိ ယာဉ်တိုက်မှု ၅၈ မှု ဖြစ်ခဲ့ပါတယ်။ လူသေဆုံး ၁၁ မှု၊ အပြင်းအထန် ဒဏ်ရာရတာက ၃၅ မှု ဖြစ်ပြီး လူ ၈၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေမှာ ကိုယ်ပိုင်ယာဉ်တွေက ၂၃ မှု ပါဝင်ပြီး ယာဉ်မောင်းသူရဲ့ မဆင်ခြင်တာက ၂၉ မှုနဲ့ လမ်းဖြတ်ကူးသူတွေရဲ့ မဆင်ခြင်တာက ၉ မှု ဖြစ်ပါတယ်။
[caption id="attachment_76511" align="aligncenter" width="657"] ဓာတ်ပုံ - ရဲဇာနည်[/caption]
ဒီတပတ်အတွင်းမှာပဲ မော်တော်ယာဉ်တွေကို ချလံဖြတ် ဖမ်းဆီးအရေးယူမှု ၈၅၀၀ လောက် ရှိပြီး လိုင်စင်ပိတ်သိမ်းတာကတော့ ၄၀၀ လောက်ရှိပါတယ်။
လိုင်စင်ရှိ ဆိုင်ကယ် ၂၂၆ စီးနဲ့ လိုင်စင်မဲ့ ဆိုင်ကယ် ၂ စီးကိုလည်း ဖမ်းဆီး အရေးယူခဲ့တယ်လို့ ဒုတိယ ရဲမှူးကြီးက ပြောပါတယ်။