အမေရိကန်တွင် အစွန်းရောက် ဗလီဆရာတဦးကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်

ဗလီဆရာ အဘူဟမ်ဇာ အယ်လ် မာစရီ (Photo- John Stillwell/PA Archiv)
အမေရိကန်နို်င်ငံ နယူးယောက်မြို့က အစွန်းရောက် အီမန်ရှေ့ဆောင် ဗလီဆရာ အဘူဟမ်ဇာ အယ်လ် မာစရီကို ပြည်ထောင်စုအကြမ်းဖက်မှုစွဲချက်နဲ့ တရားစွဲခဲ့ပြီးနောက် ၈လအကြာ မနေ့က ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ [caption id="attachment_76507" align="aligncenter" width="624"]ဗလီဆရာ အဘူဟမ်ဇာ အယ်လ် မာစရီ (Photo- John Stillwell/PA Archiv) ဗလီဆရာ အဘူဟမ်ဇာ အယ်လ် မာစရီ (Photo- John Stillwell/PA Archiv)[/caption] မျက်လုံးတဖက်နဲ့ လက်တဖက်သာရှိသူ အဘူဟမ်ဇာကို ၁၉၉၈ က အနောက်နိုင်ငံသား ခရီးသည်တွေကို ပြန်ပေးဆွဲတဲ့ ယီမင်စစ်သွေးကြွတွေကို င်္ဂြိုဟ်တုဖုန်းနဲ့ အကြံပေးမှု အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာပါ။ စစ်သွေးကြွသင်တန်းစခန်း တည်ထောင်ဖို့ အိုရီဂွန်ပြည်နယ်ကို သူ့နောက်လိုက် ၂ ယောက်ကို လွှတ်ခဲ့တယ်လို့လည်း  စီရင်ချက်ချခံရပါတယ်။ ဒါ့အပြင် အမေရိကန်ကို ဆန့်ကျင်တဲ့ အယ်လ်ကိုင်းဒါးနဲ့ တာလီဘန်တွေကို ကူညီဖို့ အာဖဂန်နစ်စတန်ကို လုပ်ဖော်ကိုင်ဖက်တွေကို စေလွှတ်ခဲ့ပါတယ်။ အသက် ၅၆ နှစ်အရွယ် အဘူဟမ်ဇာဟာ ဖင်စ်ဘာရီပါ့ခ် ဗလီမှာ လူထုဆူပူအုံကြွအောင်လှုံ့ဆော်တဲ့ မိန့်ခွန်းပြောမှုအတွက် လန်ဒန်မှာ နာမည်ဆိုးနဲ့ကျော်ကြား ခဲ့တာပါ။ မရှိတဲ့ ညာဘက်လက်အတွက် ချိတ်ကောက်တခု တပ်ဆင်သုံးစွဲနေသူလဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up