A d v e r t i s e m e n t With Us

ပရိသတ်ပေးသည့် အကောင်းဆုံးဘောလုံးသမားဆု ရွန်းနီ ရရှိ

ပရိသတ်တွေ ပေးတဲ့ ၁ နှစ်တာ အင်္ဂလန်အကောင်းဆုံး ဘောလုံးသမားဆုကို မန်ယူကပ္ပတိန် ရွန်းနီက ရရှိသွားပါတယ်။ ပရိသတ်တွေရဲ့ မဲပေးမှုမှာ ရွန်းနီက ၂၇ ရာခိုင်နှုန်း နဲ့ ပထမ၊ ၀ဲလ်ဘက်က ၁၁ ရာခိုင်နှုန်း နဲ့ ဒုတိယ၊ စတာလင်က ၇ ရာခိုင်နှုန်းနဲ့ တတိယရရှိခဲ့ပါတယ်။ rooney-splash-437313 copyစတီဗင်ဂျရတ် အနားယူသွားပြီးနောက် အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်သူ ရွန်းနီ ဟာ ၁၃ ပွဲကစားပြီး ၈ ဂိုး သွင်းယူပေးထားပါတယ်။ အင်္ဂလန်အတွက် ပွဲ ၁၀၀ ပြည့် ကစားတားတဲ့အပြင် ဂိုးအများဆုံး စံချိန်တင်ထားတဲ့ ဘော်ဘီချာလ်တန်ရဲ့  စံချိန်ကိုမီဖို့  ၃ ဂိုးသာ လိုပါတော့တယ်။ အကောင်းဆုံးအမျိုးသမီး ဘောလုံးသမားဆုကို မန်စီးတီးအသင်းက ဒတ်ဂန်က ရရှိခဲ့ပြီး ယူ- ၂၁  တနှစ်တာ အကောင်းဆုံးကို ဘီရာဟီနိုက ရရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up