A d v e r t i s e m e n t With Us

ရဲတပ်ဖွဲ့ စီးနင်းမှုကြောင့် သေနတ်သမား ၂ ဦး သေဆုံးဟု ပြင်သစ်သတင်းများ ထုတ်ပြန်

ပြင်သစ်နိုင်ငံ မဂ္ဂဇင်းတိုက်ကို ၀င်ရောက်ပစ်ခတ်ပြီး လူ၁၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ပဲရစ်မြို့တော် အရှေ့မြောက်ပိုင်း ၂၂ မိုင်အကွာက ဒမ်မမာတန် အွန်ဂဲလ်မြို့က ပုံနှိပ်တိုက်ကို စီးနင်းထားတဲ့ သေနတ်သမား ၂ ဦး  သေဆုံးသွားပြီလို့ ပြင်သစ် သတင်းတွေက ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဒီစီနင်းမှုဟာ ပြီးဆုံးသွားပြီလို့ အတည်ပြုပြောပါတယ်။ ကနဦးသတင်းတွေမှာတော့ သေနတ်သမား ၂ ဦး စီးနင်းထားတဲ့ ပုံနှိပ်တိုက်မှာ သေနတ်သံနဲ့ ပေါက်ကွဲသံတွေ ကြားရတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီပုံနှိပ်တိုက်မှာ သေနတ်သမား ၂ ဦးဟာ ဓားစာခံအနည်းဆုံး တဦးကို ဖမ်းဆီး စီးနင်းထား တာလည်း ဖြစ်ပါတယ်။ ပြင်သစ်သတင်းဌာနကတော့ သေနတ်သမား ၂ ဦးကတော့ သေဆုံးသွားပေမယ့် ဓားစာခံကတော့ မသေသလို ရဲတပ်ဖွဲ့ဝင် တဦးသေဆုံးသွားတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါအပြင် ဒီကနေ့ ညနေပိုင်းက တခြား သေနတ်သမားတွေ စီးနင်းခဲ့တဲ့ ပဲရစ်မြို့တော်က ကော့ခ်ျဟာ(kosher) လို့ ခေါ်တဲ့ ဂျူးဘာသာယုံကြည်သူတွေနဲ့ ကိုက်ညီတဲ့  အစားအသောက် ကုန်စုံဆိုင်မှာလည်း ပစ်ခတ်မှုနဲ့ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။ ဒီအသံတွေကြားပြီး သိပ်မကြာခင်မှာဘဲ ဖမ်းဆီးထားတဲ့ ဓားစာခံတွေဟာ ကုန်စုံဆိုင်ကနေ ပြန်လွတ်လာတာကို ပြင်သစ်သတင်းဌာနတွေက ထုတ်လွှင့်ခဲ့ပါတယ်။ ဒီနေရာမှာ စီးနင်းခဲ့တဲ့ သေနတ်သမား သေဆုံးသွားသလို  ဓားစာခံတွေလည်း လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။ ဒီနေရာကိုလည်း ရဲတွေက ၀င်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ ဘာတွေဖြစ်နေသလဲဆိုတာကို အသေးစိတ် မသိရသေးသလို အတည်ပြုဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up