ပဲရစ်အရှေ့ပိုင်းတွင် ပစ်ခတ်မှုထပ်ဖြစ်

1.3K
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော် အရှေ့မြောက်ပိုင်း ၂၂ မိုင်အကွာက ဒမ်မမာတန် အွန်ဂဲလ်မြို့က ပုံနှိပ်တိုက်ထဲက သေနတ်သမား ၂ ဦးကို ရဲတွေက ၀ိုင်းထားစဉ်မှာ အရှေ့ပိုင်းမှာ ထပ်မံ ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ လူတဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီကနေ့ ညနေပိုင်းက ပဲရစ်မြို့တော်က ကော့ခ်ျဟာ (kosher) ကုန်စုံဆိုင်မှာ ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူ ၆ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုမှာ သံသယရှိသူ သေနတ်သမား ၂ ဦးဟာ ဇန်န၀ါရီ ၈ ရက်နေ့ ပဲရစ်တောင်ပိုင်း မွန်ထရော့ခ်ျရပ်ကွက်မှာ ရဲအရာရှိတဦး သေနတ်ပစ်ခံရပြီး သေဆုံးမှုနဲ့ ဆက်နွှယ်ပတ်သက်နိုင်တယ်လို့ ရဲတွေက ယူဆနေပါတယ်။
ကုန်စုံဆိုင် ပစ်ခတ်မှုနဲ့ ရဲအရာရှိကို ပစ်ခတ်မှု သံသယရှိသူ ၂ ဦးကတော့ အာမဒီကော့လီဘာရီနဲ့ ချစ်သူဖြစ်သူ ဟာရပ် ဘော့မီဒိုင်းနီတို့ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
ရဲတပ်ဖွဲ့က သေနတ်သမား ၂ ဦးရှိနေတဲ့ ပုံနှိပ်တိုက်ကို ၀ိုင်းထားစဉ်မှာပဲ ဖြစ်ပွားခဲ့တဲ့ နောက်ထပ်စီးနင်းမှုတွေကြောင့် ပြင်သစ်သမ္မတ ပြည်ထဲရေးဝန်ကြီးနဲ့ ၀န်ကြီးချုပ်တို့က တွေ့ဆုံဆွေးနွေးနေပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဇန်န၀ါရီ ၇ ရက်နေ့က မဂ္ဂဇင်းတိုက်တတိုက်ကို မွတ်စလင်စစ်သွေးကြွလို့ ယူဆရတဲ့ သေနတ်သမား ၃ ဦးက တိုက်ခိုက်ခဲ့လို့ လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
ဇန်န၀ါရီ ၉ ရက်နေ့ ပုံနှိပ်တိုက် ၀ိုင်းထားမှုမြင်ကွင်း
[gallery ids="76465,76466,76467,76468,76469,76470,76471,76472"]
ဇန်န၀ါရီ ၈ ရက်နေ့ မြင်ကွင်း
[gallery ids="76473,76474,76475,76476,76477,76478,76479,76480,76481,76482,76483,76484,76485,76486"]