A d v e r t i s e m e n t With Us

သေနတ်သမား ၂ ဦး ခိုအောင်းနေသည့်နေရာ နောက်ဆုံး အခြေအနေ

ပဲရစ်မြို့တော် အရှေ့မြောက်ပိုင်း ၂၂ မိုင်အကွာက သေနတ်သမားတွေ ရှိနေတဲ့ ဒမ်မမာတန် အွန်ဂဲလ်မြို့မှာတော့ ထောင်နဲ့ချီတဲ့ ရဲတွေနဲ့ အကြမ်းဖက်နှိမ်နှင်းရေး တပ်ဖွဲ့တွေနဲ့ ပြည့်နှက်နေပါတယ်။ သတင်းသမားတွေကလည်း ကြည့်ရှုဖို့ အန္တရာယ်ရှိတယ်ဆိုတဲ့နေရာကနေ အလျင်အမြန် ထွက်ခွာနေပါတယ်။ ပုံနှိပ်ကုန်လှောင်ရုံအနီးတ၀ိုက်မှာလည်း အရေးပေါ်ကားတွေရှိနေသလို ပူးမား ရဟတ်ယာဉ်တွေလည်း ပျံသန်းနေပါတယ်။ ရာနဲ့ချီတဲ့ရဲကားတွေ လက်နက်တပ်ဆင်ထားတဲ့ ကားတွေကလည်း အနီးတ၀ိုက်မှာ ရှိနေပါတယ်။ ပျံသန်းနေတဲ့ စစ်ရဟတ်ယာဉ်တွေ ကလည်း မြေပြင်ကို ဆင်းသက်နေပါတယ်။ သေနတ်သမားတွေ ခိုအောင်းနေတဲ့နေရာအနီးက ရှာလ်ဒီဂေါလ် လေဆိပ်မှာလည်း လေယာဉ်ခရီးစဉ်တွေကို ပယ်ဖျက်လိုက်ပါပြီ။

A d v e r t i s e m e n t With Us

More News
Up