A d v e r t i s e m e n t With Us

သေနတ်သမား ၂ ဦး ဖမ်းဆီးနိုင်ရန် စစ်ဆင်ရေး စပြီဟု ပြင်သစ်ရဲတပ်ဖွဲ့ပြော

မဂ္ဂဇင်းတိုက်ကို တိုက်ခိုက်ခဲ့တဲ့ သံသယရှိ သေနတ်သမား ညီအစ်ကို ၂ ဦးကို ဖမ်းဆီးဖို့ စစ်ဆင်ရေး စတင်နေပြီဖြစ်သလို ဖမ်းဆီးဖို့လည်း ၀ရမ်း ထုတ်ပေးလိုက်ပြီလို့ ပြင်သစ် ရဲတပ်ဖွဲ့က ပြောပါတယ်။ 150109-france-attacks-manhunt-mn-0423_c7287370506f48658efd9fdbdc1ae0d5ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးကို စောင့်ကြည့်ဖို့ ပြင်သစ်သမ္မတကလည်း အစည်းအဝေးကို ရပ်ထားလိုက်ပြီလို့ ဆိုပါတယ်။ ပဲရစ်မြို့တော် အရှေ့မြောက်ပိုင်း ၂၂ မိုင်အကွာက ဒမ်မမာတန်အွန်ဂဲလ်က သေနတ်သမား ၂ ဦး ရှိနိုင်တယ်လို့ ယူဆတဲ့ ကုန်လှောင်ရုံကို ရဲတွေက ၀ိုင်းထားသလို ရဟတ်ယာဉ်တွေကလည်း အနီးတ၀ိုက်မှာ ပျံဝဲနေတာကို နိုင်ငံတကာသတင်းဌာနတွေက တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ ဒီကုန်လှောင်ရုံဟာ အရင်က ပုံနှိပ်စက်တခု ဖြစ်သလို ဒီအထဲမှာ သေနတ်သမားတွေက ဓားစာခံ အနည်းဆုံး ၁ ဦးကို ဖမ်းဆီးထားသေးတယ်လို့ ဆိုပါတယ်။ ဒေသခံတွေကိုလည်း အိမ်ထဲကနေ အိမ်ပြင်မထွက်ဖို့ သက်ဆိုင်ရာက ထုတ်ပြန် ထားပါတယ်။ ကနဦးက ပစ်ခတ်မှုကြောင့် သေနတ်သံတွေကြားခဲ့ရသလို အတည်မပြုနိုင်သေးတဲ့ သတင်းတွေ အရ အများအပြားဒဏ်ရာရတယ်လို့လည်း ဆိုပါတယ်။ လူအသေအပျောက် ဒဏ်ရာရတာနဲ့ပတ်သက်တဲ့ သတင်းကိုတော့ အစိုးရက ငြင်းဆိုထားပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ပြင်သစ်ရဲတပ်ဖွဲ့ကားတန်းက သွားရောက်နေတယ်လို့လည်း ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up