ပဲရစ် အကြမ်းဖက်သူကို အယ်လ်ကိုင်းဒါးနှင့်ဆက်နွှယ်သည့်အဖွဲ့ သင်တန်းပေး

889
ပြင်သစ်နိုင်ငံ ပဲရစ် မဂ္ဂဇင်းတိုက်ကို တိုက်ခိုက်ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူ ညီအကို ၂ ဦးအနက် ၁ ဦးက အယ်ကိုင်းဒါးနဲ့ ပတ်သက်တဲ့တပ်ဖွဲ့က လေ့ကျင့်ပေးခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ယီမင်နိုင်ငံမှာ အယ်လ်ကိုင်းဒါးနဲ့ဆက်နွယ်တဲ့အဖွဲ့မှာ အစ်ကိုဖြစ်သူ စာရိ ကိုအာချီက လအတော်ကြာ သင်တန်းတက်ဖူးတယ်လို့ စုံစမ်းမှုနဲ့ နီးစပ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။
ဒီကိစ္စနဲ့ ရင်းနှီးတဲ့ ယီမင်အစိုးရ အရာရှိက အစိုးရက အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ စာရိ ဆက်နွယ်နိုင်ဖွယ်ရှိ တာကို သတိထားမိသ လို ဖြစ်နိုင်ချေ အဆက်အသွယ်တွေ ကို ရှာဖွေနေတယ် လို့ ပြောပါတယ်။
ယီမင် ကနေ ပြင်သစ်ကို စာရိပြန်ရောက်လာပြီးတဲ့နောက် ပြင်သစ်ထောက်လှမ်းရေးတွေ ဥပဒေစိုးမိုးရေးအဖွဲ့တွေ မျက်စိကျတဲ့ လှုပ်ရှားမှုတွေကို ညီအစ်ကို ၂ ဦးက ရှောင်လေ့ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန် အစိုးရ သတင်းရင်းမြစ်ကတော့ ညီအကို ၂ ဦးစလုံးဟာ တန်ပြန် အကြမ်းဖက်မှု သံသယရှိတဲ့ အမေရိကန်လုံခြုံရေး အထူးအချက်အလက် စာရင်းမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ပြင်သစ်မှာတော့ လူ ၁၂ ဦးသေဆုံးသွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် သံသယရှိသူ အယ်ဂျေးရီးယားအနွယ် ဒီညီအစ်ကို ၂ ဦးကို အပြင်းအထန် လိုက်လာရှာဖွေနေပါတယ်။
အရင် ၁၀ စုနှစ်က အစ္စလာမ်မစ် အဖွဲ့မှာ ပါဝင်တိုက်ခိုက်ဖို့အတွက် အီရတ်နိုင်ငံကို သွားရောက်ဖို့ ကြိုးစားတဲ့အတွက် ညီ ရှရစ်ကိုအာချီကို ထောင် ၁၈ လ ကျခံခဲ့ရပါတယ်။
