A d v e r t i s e m e n t With Us

ဥရောပနိုင်ငံများရှိ အမေရိကန်စစ်စခန်းများ ရုပ်သိမ်းတော့မည်

လာမယ့်နှစ်တွေအတွင်း ဥရောပနိုင်ငံတွေက အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ဖြည်းဖြည်ချင်း ရုပ်သိမ်းသွားတော့မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က မနေ့က ထုတ်ပြန်ပါတယ်။ ဗြိတိန် နဲ့ ပေါ်တူဂီနိုင်ငံမှာရှိတဲ့ စစ်အခြေစိုက်စခန်းတွေကို အဓိကထားရုပ်သိမ်းသွားမှာဖြစ်ပြီး တနှစ်ကို 246346745.siစစ်အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ လောက် သက်သာသွားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ ဗြိတိန်နိုင်ငံက အမေရိကန်လေတပ်အခြေစိုက်စခန်းကြီးရှိတဲ့ Mildenhall လေတပ်စခန်းက တပ်အင်အားနဲ့ မိသားစုဝင် ၃၂၀၀ လောက်ကို ဖြည်းဖြည်းချင်း ရုပ်သိမ်းသွားမှာပါ။ အမေရိကန်တပ်ဖွဲ့ဝင် ၂ ထောင်လောက် လျော့ချနိုင်မှာဖြစ်လို့ ဒါဟာ ဥရောပတိုက်မှာ တပ်အင်အား အများဆုံး လျော့ချတာလည်းဖြစ်ပါတယ်။ First company-sized contingent of about 150 U.S. paratroopers from the U.S. Army's 173rd Infantry Brigade Combat Team based in Italy arrive in the airport in Rigaဂျာမနီမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကိုလည်း ပိတ်သိမ်းမှာဖြစ်ပြီး တပ်အင်အားကိုတော့ ရာဂဏန်းလောက် တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ လာမယ့် ၁၀ နှစ်အတွင်း အမေရိကန်စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁ ထရီလီယံလောက် လျော့ချသွားမယ် အစီအစဉ်လည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ စစ်စခန်းတွေကိုလျော့ချပြီး စစ်အသုံးစရိတ်တွေ လျော့ချဖို့ အမေရိကန်လွှတ်တော်ကို ပင်တဂွန်စစ်ဌာနချုပ်က အကြိမ်ကြိမ် တင်သွင်းခဲ့ပေမယ့် ပြည်ပက စစ်စခန်းတွေကို အရင်လျော့ချဖို့  ခွင့်ပြုခဲ့တာပါ။ ဥရောပမှာ အမေရိကန်တပ်အင်အား ၆၄၀၀၀ ကျော်ရှိပြီး အများစုဟာ ဂျာမနီ၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up