A d v e r t i s e m e n t With Us

မိုးသီးမုန်တိုင်းနှင့် အအေးလွန်မည်ဟု ထိုင်းခရိုင် ၁၃ ခုကို သတိပေးချက်ထုတ်

ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင် ၁၃ ခုမှာ မိုးသီးမုန်တိုင်းကျရောက်နိုင်တယ်လို့  ထိုင်းသဘာဝဘေးအန္တရယ် ကာကွယ်လျော့ချရေး ဌာနက ဒီကနေ့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ 10906158_825710444141987_6688159324337407806_n - Copyဇန်န၀ါရီ ၈-၁၀ ရက်နေ့ အထိ ချင်းမိုင်၊ ချင်းရိုင်၊ လန်းပန်၊ လန်းဖုန်း၊ မယ်ဟောင်ဆောင်နဲ့ မြောက်ပိုင်းက တခြားခရိုင်တွေမှာ မိုးသီးမုန်တိုင်းကျရောက်နိုင်တယ်လို့ ဒီဌာနကို ကိုးကားပြီး ချင်းမိုင် စီတီးသတင်းက ရေးပါတယ်။ အပူချိန်ကလည်း ၃ ကနေ ၅ ဒီဂရီ ဆဲလ်ဆီးယပ် အထိ ကျဆင်းနိုင်တယ်လို့လည်း ကြေညာပါတယ်။ ဒါအပြင်  ဘေးအန္တရာယ် သတိပေးချက်နဲ့ မိုးသီးမုန်တိုင်းကျရင် ဖြစ်လာနိုင်တဲ့ ပြဿနာနဲ့ ကာကွယ်နိုင်မယ့် နည်းလမ်းတွေစတဲ့  လမ်းညွှန်ချက်တွေကိုလည်း ဌာနက ထုတ်ပြန်ထားပါတယ်။ ခရိုင် အာဏာပိုင်တွေကလည်း အဆောက်အဦတွေ၊ ဆိုင်းဘုတ်တွေရဲ့ ကြံ့ခိုင်မှုတွေကို  စစ်ဆေးပြီး မတော်တဆဖြစ်တာကနေ ကာကွယ်ဖို့ ညွန်ကြားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up