ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ အဆင့်သတ်မှတ်ချက်မှာ မြန်မာက အပြောင်းအလဲ အတက်အကျ မရှိဘဲ အဆင့် ၁၄၁ ဆင့်နဲ့ ဆက်လက် ရပ်တည်နေပါတယ်။

ဇန်န၀ါရီ ၈ ရက် ရက်စွဲနဲ့ ဖီဖာက အသစ်ထုတ်ပြန်လိုက် တဲ့ ဘောလုံးအဆင့် သတ်မှတ်ချက်မှာ အရှေ့တောင်အာရှအသင်းတွေထဲ ဖိလစ်ပိုင်က တဆင့်တက်သွားပြီး အဆင့် ၁၂၉ နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဗီယက်နမ်က ၄ ဆင့် တက်ပြီး အဆင့် ၁၃၃နဲ့ ဒုတိယ၊ မြန်မာက အတက်အကျမရှိဘဲအဆင့် ၁၄၁ နဲ့ တတိယနေရာမှာ ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ ထိုင်း အသင်းကတော့ အဆင့် ၂ ဆင့် ကျသွားပြီး အဆင့် ၁၄၄၊ မလေးရှားက အဆင့် ၁၅၄၊ စင်ကာပူက အဆင့် ၁၅၇၊ အင်ဒိုနီးရှားက အဆင့် ၁၅၉၊ လာအိုက အဆင့် ၁၆၀၊ ကမ္ဘောဒီးယားက အဆင့် ၁၇၉ နဲ့ ဘရူနိုင်းအသင်းကတော့ အဆင့် ၁၉၈ မှာ ရှိနေပါတယ်။
ဖီဖာအဆင့် သတ်မှတ်ချက် ကမ္ဘာ့ထိပ်ဆုံး ၁၀ သင်းထဲမှာတော့ ဂျာမနီက နံပတ် ၁ အဆင့်၊ အာဂျင်တီးနားက အဆင့် ၂၊ ကိုလံဘီယာက အဆင့် ၃၊ ဘယ်လ်ဂျီယံက အဆင့် ၄ နယ်သာလန်က အဆင့် ၅ ၊ ဘရာဇီးက အဆင့် ၆၊ ပေါ်တူဂီက အဆင့် ၇၊ ပြင်သစ်က အဆင့် ၈၊ စပိန်က အဆင့် ၉ နဲ့ ဥရုဂွေးအသင်းက အဆင့် ၁၀ နဲ့ အသီးသီး ရပ်တည်နေပါတယ်။