A d v e r t i s e m e n t With Us

သီရိလင်္ကာ လက်ရှိ သမ္မတ ရွေးကောက်ပွဲ ရှုံးနိမ့်

သီရီလင်္ကာနိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မဟင်ဒါရာဂျာပတ်ဆာက ရှုံးနိမ့်ကြောင်း ၀န်ခံလိုက်တယ်လို့ သမ္မတရုံးက ပြောပါတယ်။ နိုင်ငံရေးမှာ ဆယ်စုနှစ်တခုကြာ လွှမ်းမိုးခဲ့တဲ့ ရာဂျာပတ်ဆာဟာ  ကျန်းမာရေးဝန်ကြီး မိုသရီပလာသီရိဆီနာရဲ့စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ [caption id="attachment_76398" align="aligncenter" width="595"]မဟင်ဒါရာဂျာပတ်ဆာ မဟင်ဒါရာဂျာပတ်ဆာ[/caption] ရွေးကောက်ပွဲမဲရလဒ်တွေကို တရားဝင်ထုတ်ပြန်တာ မရှိသေးပေမယ့် ပြိုင်ဘက် သမ္မတလောင်း သီရိဆီနာက  အနိုင်ရဖို့ လိုအပ်တဲ့ ဆန္ဒမဲ အရေအတွက်  ၅၀ ရာခိုင်နှုန်းရရှိနေတယ်လို့ ခန့်မှန်းမဲရလဒ်တွေက ပြသနေပါတယ်။ ထုတ်ပြန်ချက်က အာဏာကို ရှောရှောရှူရှူလွဲပေးသွားမှာ ဖြစ်သလို ရာဂျာပတ်ဆာက သမ္မတ အိမ်တော်ကနေ ထွက်ခွာသွားပြီလို့လည်း ဆိုပါတယ်။ ရာဂျာပတ်ဟာ သမ္မတ သက်တမ်း ၃ ကြိမ်မြောက်အဖြစ် ၀င်အရွေးခံခဲ့တာ ဖြစ်သလို ဆယ်စုနှစ်များစွာ တိုက်ခိုက်လာတဲ့ တမီးလ်ခွဲထွက်ရေးသူပုန်တွေနဲ့ ၂၀၀၉ ခုနှစ်မှာ  ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up