အာဖရိက အကောင်းဆုံးဘောလုံးသမားဆု ယာယာတိုရေး ရရှိ

901
၂၀၁၄ ခုနှစ်အတွက် အာဖရိကအကောင်းဆုံးဘောလုံးသမားဆုကို မန်စီးတီး ကွင်းလယ်လူ အိုင်ဗရီကို့စ်လက်ရွေးစင် ယာယာတိုရေးက ရရှိသွားပါတယ်။
အခုလို ရရှိခဲ့တာကြောင့် အကောင်းဆုံးဘောလုံးသမားဆု ၄ ကြိမ်ရရှိထားတဲ့ အီတိုးနဲ့ စံချိန် တူညီသွားပြီး တိုရေးအနေနဲ့ ၄ နှစ် ဆက်တိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ယာယာတိုရေးဟာ ဂါဘွန်နိုင်ငံက အော်ဘာမေယန်နဲ့ နိုင်ဂျီးရီးယားဂိုးသမား အန်ယင်မာတို့ကို ကျော်ဖြတ်ရရှိသွားတာပါ။
အော်ဗာမေယန်နဲ့ အန်ယင်မာတို့ဟာ သူတို့ရဲ့ ကလပ်မှာရော လက်ရွေးစင်အသင်း တွေမှာပါ အကောင်းဆုံးကစားသမားတွေ ဖြစ်တဲ့အတွက် ဒီဆုကို ခက်ခက်ခဲခဲနဲ့ ရရှိခဲ့တာ ဖြစ်တယ်လို့ တိုရေးက ပြောပါတယ်။
အသက် ၃၁ နှစ်အရွယ် တိုရေးဟာ အီကွေတိုးရီးရယ် ဂီနီအာမှာ ကျင်းပမယ့် ၂၀၁၅ အာဖရိကဖလားပြိုင်ပွဲမှာ အိုင်ဗရီကို့စ်ဘောလုံးအသင်းကို ဦးဆောင်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။