ဘာစီလိုနာဂိုးသမားဟောင်း ဗစ်တာ ဗဲလ်ဒက်စ်ကို မန်ယူ ခေါ်ယူ

2.8K
ဘာစီလိုနာဂိုးသမားဟောင်း ဗစ်တာ ဗဲလ်ဒက်စ်ကို မန်ချက်စတာယူနိုက်တက်က ၁၈ လစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၃၂ နှစ် အရွယ် ဗဲလ်ဒက်စ်ဟာ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံ ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ရရှိခဲ့ပြီး စပိန်လက်ရွေးစင်အသင်းနဲ့လည်း ၂၀၁၀ ကမ္ဘာ့ဖလားကို ရရှိခဲ့သူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ရာသီကုန်က ဘာစီလိုနာ နဲ့ စာချုပ်ပြည့်လို့ ထွက်လာခဲ့သူဖြစ်ပြီး အခုရာသီအစက စပြီး မန်ယူမှာ လေ့ကျင့်ရေးဆင်းနေခဲ့သူ ဖြစ်ပါတယ်။
သူ့ကို ခေါ်ယူခဲ့သလို လက်ရှိ နံပါတ်တစ်ဂိုးသမား ဒီဂီယာကိုလည်း စာချုပ်သစ်ချုပ်ဆိုရေး ကမ်းလှမ်းထားပြီ ဖြစ်ပါတယ်။
သူ့ကို ခေါ်လိုက်တာကြောင့် အရန်ဂိုးသမားတဦးဖြစ်တဲ့ လင်ဒီဂတ်ဟာ အသင်းကို စွန့်ခွာသွားနိုင်ဖွယ်ရှိနေပါတယ်။