A d v e r t i s e m e n t With Us

ပါရီမဂ္ဂဇင်းတိုက် အကြမ်းဖက်ညီအစ်ကို ၂ ဦးဓာတ်ပုံ ရဲတပ်ဖွဲ့ ထုတ်ပြန်

ဇန်န၀ါရီ ၇ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမဂ္ဂဇင်းတိုက်ကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အစ္စလာမ်မစ်အကြမ်းဖက်ညီအစ်ကို ၂ ဦးရဲ့ ဓာတ်ပုံတွေကို ပြင်သစ်ရဲတွေက ဒီနေ့ ထုတ်ဖော်ပြသလိုက်ပါတယ်။ p3811981a435900811-ssအသက် ၃၂ အရွယ် Said Kouachi နဲ့ အသက် ၃၀ အရွယ် Cherif Kouachi ညီအစ်ကို ၂ ဦးဖြစ်ပြီး ပါရီမြို့တော်အ နီးမှာ နေထိုင် တဲ့ ပြင်သစ်နိုင်ငံ သားတွေ လည်းဖြစ်ကြပါတယ်။ နောက်တဦးကတော့ အသက် ၁၈ နှစ်အရွယ် Hamyd Mourad ဆိုသူဖြစ်ပြီး နိုင်ငံအရှေ့မြောက်ပိုင်းက မြို့တမြို့မှာ ရဲထံအဖမ်းခံလိုက်ပြီလို့ ပါရီအစိုးရရှေ့နေရုံးက ပြောဆိုပါတယ်။ သူ့ရဲ့ အချက်အလက်အသေးစိတ်ကိုတော့ ပြင်သစ်အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုမှုတော့ မရှိသေးပါဘူး။ ညီအစ်ကိုနှစ်ယောက်က မျက်နှာဖုံးခေါင်းစွပ်တွေဝတ်ဆင်ပြီး ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် အပတ်စဉ် သရော်သတင်းစာတိုက်ကြီးကို အေကေ ၄၇ သေနတ်တွေနဲ့ ၀င်ရောက်အကြမ်းဖက်ပစ်ခတ်ခဲ့ကြတာပါ။ နာမည်အကျော်ကြားဆုံး သရော်ကာတွန်းဆရာတွေနဲ့ ရဲ ၂ ဦးအပါအ၀င် လူ ၁၂ ဦး သေဆုံးခဲ့ကြတာပါ။ လောလောဆယ်အချိန်အထိ ညီအစ်ကိုနှစ်ယောက်လုံး သေနတ်တွေနဲ့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တာကြောင့် ပြင်သစ်လုံခြုံရေးတွေက ပိုက်စိပ်တိုက်ရှာဖွေနေကြပါတယ်။ ပါရီမြို့တော်မှာလည်း ပြင်သစ်တပ်ဖွဲ့ဝင် ၈၀၀ လောက် တိုးမြှင့်ချထားပါတယ်။ ညီအစ်ကို ၂ ယောက်မှာ အငယ်တယောက်ဖြစ်တဲ့ Cherif Kouachi ဟာ ၂၀၀၅ ခုနှစ်က အကြမ်းဖက်အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးအရေးယူခံရပြီး ၂၀၀၈ ခုနှစ်မှာ ထောင် ၁၈ လ ကျခံခဲ့ရဖူးတယ်လို့ ရဲက ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up