Home
မြန်မာသတင်း
စာရေးဆရာထင်လင်းဦးအမှု စတုတ္တအကြိမ်ရုံးထုတ်
DVB
·
January 8, 2015
10931295_828969720474863_1235695792686589806_n
10931273_828969717141530_6910213914826935175_n
10922426_828969730474862_3562921466793572369_n
10891609_828969733808195_4841398455012501809_n
10430890_828969727141529_2010626080536364611_n
သာသာနာညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ ၂ ခုနဲ့ တရားစွဲခံရတဲ့ စာရေးဆရာထင်လင်းဦး အမှုကို ဒီဇင်ဘာ ၈ ရက်နေ့ ချောင်းဦးမြို့နယ်တရားရုံးမှာ ထပ်မံရုံးထုတ်ပြီး တရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးပါတယ်။ စာရေးဆရာထင်လင်းဦး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက အာမခံ ထပ်မံတင်သွင်းတာလည်း ပယ်ချခံရတယ်လို့ ပြောပါတယ်။ စာရေးဆရာထင်လင်းဦးရဲ့ ဒီနေ့ ရုံးချိန်းကို သူ့ကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေပါ လာရောက်ခဲ့တဲ့အတွက် နောင်မှာ ပြဿနာ  မဖြစ်စေဖို့ အတွက် မန္တလေးတိုင်း တရားရုံးမှာ ပြောင်းစစ်ဆေးသွားဖို့ လျှောက်ထားမယ်လို့ သူက ပြောပါတယ်။ “တဖက်ကလာပြီးတော့ အင်အားပြတာ၊ ခြိမ်းခြောက်တာ ဒါမျိုးတွေလည်း ရှိနေတော့ ရုံးပြောင်းလျှောက်ဖို့အတွက် စိတ်ကူးနေပါတယ်၊ ဒီမှာဆိုရင် လုံခြုံရေးလည်း မပေးနိုင်ဘူး၊ တရားမျှတမှု ရမယ်လို့ မယုံဘူး” ဦးသိန်းသန်းဦးက ပြောပါတယ်။ ဒီဇင်ဘာ ၁၅ နဲ့ ၂၃ ရက်နေ့ကို ထပ်မံရုံးချိန်းခဲ့တယ်လို့လည်း ဆိုပါတယ်။ အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲမှာ ဟောပြောချက်နဲ့ပတ်သက်လို့ ဘာသာသာသနာ ယုံကြည်မှုကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ်၍ စကားပြောဆိုမှု ပုဒ်မ ၂၉၈ တွေနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။ [gallery ids="76347,76348,76349,76350,76351"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024