A d v e r t i s e m e n t With Us

ချဲလ်ဆီးက မက်ဆီကို ပြောင်းရွှေ့ကြေး စံချိန်သစ်ဖြင့် ခေါ်ယူလို

အင်္ဂလန်ပရီးမီးယားလိဂ် ချဲလ်ဆီးကလပ်အသင်းဟာ ဘာစီလိုနာအသင်းက ကစားသမား လိုင်ယွန်နယ် မက်ဆီကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀နဲ့ခေါ်ဖို့ ဆန္ဒရှိနေတယ်လို့ ဘာစီလိုနာ အသင်းက သတင်းရင်းမြစ်ကို ကိုးကားပြီး ဗြိတိန် အခြေစိုက် ဒေးလီးစတား သတင်းက ရေးပါတယ်။ 54ad91824bdba_messiဒါအပြင် ချဲလ်ဆီးအသင်းက မက်ဆီတောင်းဆိုတဲ့ လစာငွေကို လိုလိုလားလားပေးသွားဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။ မက်ဆီဟာ အသင်းက နည်းပြ လူးဝစ် အန်းရစ်နဲ့ အဆင်မပြေဆိုတဲ့ သတင်းတွေထွက်လာပြီးတဲ့ နောက် အခုလို သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မက်ဆီနဲ့ ရင်းနှီးတဲ့သူတွေကတော့ ဒီအခွင့်အရေးကို ချဲလ်ဆီးက အမိအရဖမ်းဖို့ အသင့်ဖြစ်နေတယ်လို့လည်း သတင်းက ရေးပါတယ်။ မန်စီးတီးနဲ့ ပဲရစ်စိန့်ဂျာမိန်းအသင်းတွေကလည်း အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ အရင်နှစ်နိုဝင်ဘာကတော့ မက်ဆီနဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို ချဲလ်ဆီး မန်နေဂျာ မော်ရင်ဟိုက ငြင်းဆိုသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up