လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲဖမ်းဆီးခံခဲ့ရသူ ဗကသကျောင်းသူ မဖြူနှင်းထွေး လွတ်မြောက်ေ၇း ၀တ်ပြုဆုတောင်းသူကို အာဏာပိုင်တွေက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ လ ချမှတ်လိုက်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူဟာ ဒေါ်တင်မာရီ ဖြစ်ပြီး မဖြူနှင်းထွေး ချုပ်နှောင်ခံထားရစဉ်က မန္တလေး မဟာမြတ်မုနိဘုရားမှာ ၀တ်ပြုဆုတောင်းခဲ့မှုနဲ့ တရားစွဲဆိုကာ ဇန်န၀ါရီ ၇ ရက်နေ့မှာ ချမ်းမြသာစည်မြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တာပါ။
မဖြူနှင်းထွေး ချုပ်ရက်ကနေ လွတ်မြောက်လာတဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာပဲ သူ့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့ပြီး ရုံးချိန်း ၁၀ ခုမြောက်မှာ သူကို အလို ထောင်ဒဏ်ချမှတ်လိုက်တာလို့ မဖြူနှင်းထွေးက ပြောပါတယ်။
သူလွတ်မြောက်ရေးအတွက် ဆုတောင်းတဲ့သူကို အလို တရားစွဲဆို ထောင်ချတဲ့အပေါ် မဖြူနှင်းထွေးက “ညီမလွတ်မြောက်ဖို့ ဆုတောင်းတဲ့အတွက် ကျသွားတဲ့အပေါ်မှာ ညီမ စိတ်မကောင်းလည်း ဖြစ်တယ်။ ညီမလွတ်မြောက်ဖို့ ဆုတောင်းတဲ့သူက ထပ်ပြီး ထောင်ကျတယ်ဆိုတော့ ဗမာပြည်မှာရှိနေတဲ့ တရားဥဒေနဲ့ တရားစီရင်ရေးဟာ လုံးဝကို လုံးဝကို စုတ်ပြတ်သတ်ပြီး အဓိပ္ပါယ် မရှိဘူး။” လို့ ဝေဖန်ပါတယ်။
မဖြူနှင်းထွေးဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၁၅ ရက်နေ့ ယင်းမာပင်ခရိုင် တရားရုံးမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီ စီမံကိန်းတာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှုရုတ်သိမ်းလွှာ တင်သွင်းခဲ့တဲ့အတွက် အမှုကနေ တရားရှင် ပြန်လွတ်ခဲ့တာဖြစ်ပါတယ်။