Live
Home
မြန်မာသတင်း
ကုလကိုယ်စားလှယ်နှင့် ဗကသ တွေ့ဆုံ
DVB
·
January 8, 2015
မြန်​မာ့လူ့အခွင့်​အ​ရေး အ​ခြေအ​နေ​တွေကို ​လေ့လာဆန်းစစ်​ဖို့ မြန်​မာနိုင်​ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်​အ​ရေးဆိုင်ရာ အထူး ကိုယ်​စားလှယ်​ မစ်​ယန်​ဟီးလီဟာ ဒီက​နေ့ မနက်​ ၁၀ နာရီက ဗမာနိုင်​ငံလုံးဆိုင်​ရာ ​ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်​က တာဝန်​ရှိသူ​တွေနဲ့ ​တွေ့ဆုံခဲ့ပါတယ်​။ IMG_1182(1)ဒီ​တွေ့ဆုံပွဲမှာ ​​​လွတ်​လပ်​တဲ့ ကျောင်းသားသမဂ္ဂ​တွေကို အစိုးရက လွတ်​လပ်​စွာ ဖွဲ့စည်းခွင့်​ မ​ပေးတဲ့ ကိစ္စ၊ ကျောင်းသားထုအခွင့်​အ​ရေး ဆုံးရှုံး​နေတဲ့ကိစ္စ၊ ပညာ​ရေး ပြုပြင်​​ပြောင်းလဲမှု​တွေ လုပ်​ဖို့နဲ့ လှူဒါန်းတဲ့ ​ငွေ​ကြေး​တွေဟာ စစ်​အစိုးရ အာဏာတည်​မြဲ​ရေး အတွက်​ အ​ထောက်​ပံ့​တွေ ဖြစ်​​နေတဲ့အတွက်​ ​ထောက်​ပံ့ကူညီ​ပေး​နေတဲ့နိုင်​ငံ​တွေအ​နေနဲ့ ပြန်​လည်​ သုံးသပ်​​ပေးဖို့ ဗကသက တင်ပြခဲ့ပါတယ်။ ဒါအပြင် လက်ရှိ အတည်​ပြု ပြဋ္ဌာန်းလိုက်​တဲ့ အမျိုးသားပညာ​ရေးဥပ​ဒေအ​ပေါ်မှာ ​ကျောင်းသား​တွေ ကန့်​ကွက်​​နေတဲ့ကိစ္စအပါအဝင်​ ​၄ ပွင့်​ဆိုင်​ ​တွေ့ဆုံ ​ဆွေး​နွေးဖို့ ရာဇသံ ​ပေးထား​ပေမယ့်​လည်း ဒီက​နေ့ အချိန်​ထိ လျစ်​လျူရှုထားတဲ့ကိစ္စ​တွေ မစ္စယန်ဟီးလီကို ​ဆွေး​နွေး တင်​ပြခဲ့တယ်​လို့ ဗကသအဖွဲ့ချုပ်က သတင်းနဲ့ ပြန်​ကြား​ရေးတာဝန်​ခံ ကိုရဲရင့်​​ကျော်​က ဒီဗွီဘီကို ​ပြောပါတယ်​။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024