နယူးဇီလန်တွင် လေထီးခုန်ချသူများ၏လေယာဉ် ပျက်ကျ

1.7K
နယူးဇီလန်နိုင်ငံ မြောက်ကျွန်းမှာ အတွဲလိုက် လေထီး ခုန်ချသူတွေရဲ့ လေယာဉ် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက်နေ့က ပျက်ကျခဲ့မှုမှာ လေယာဉ်ပေါ်ပါသူ ၁၃ ဦးလုံး အသက်မသေ အထိအခိုက်မရှိ လွတ်မြောက်ခဲ့ကြပါတယ်။
လေယာဉ်ပျံသန်းရင်း စက်ချွတ်ယွင်းမှု ဖြစ်ခဲ့ပြီး တူးယ်ပို (Taupo) ရေအိုင်ကြီးထဲ ပျက်ကျသွားခဲ့ရတာပါ။
လေယာဉ်မှူးအပါအ၀င် လေယာဉ်ပေါ်ပါသူ ၁၃ ယောက်လုံး ဘေးမသီရန်မခ လွတ်မြောက်ခဲ့တာဟာ တကယ့်ကို ကံကောင်းပြီး အံ့သြဖွယ်ရာဖြစ်တယ်လို့ နယူးဇီလန် အရပ်ဘက်လေယာဉ် အာဏာပိုင်အဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။
အမြင့်မီတာ ၁၃၀၀ အရောက်မှာ လေယာဉ်စက် ချွတ်ယွင်းမှု ဖြစ်ခဲ့လို့ လေယာဉ်ပေါ်ပါသူ အားလုံး လေထီး ခုန်ချဖို့ လေယာဉ်မှူးက အမိန့်ပေးခဲ့တာလို့လည်း ဆိုပါတယ်။
ပေါက်ကွဲသံတခု ကြားခဲ့ရပြီး ၁၅ စက္ကန့်အကြာမှပဲ လေယာဉ်ထဲက လေထီး ခုန်ချသူတွေကို တွေ့မြင့်ခဲ့ရတယ်လို့ မျက်မြင်တဦးက ဒေသခံသတင်းဌာနတခုကို ပြောပါတယ်။