A d v e r t i s e m e n t With Us

ကင်ဂျုံအန်းနှင့်ညီမဖြစ်သူ သေနတ်ပစ်ပြိုင်ပွဲ တက်ရောက် (ဓာတ်ပုံ)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ညီမဖြစ်သူနဲ့ အတူ ကိုရီးယားပြည်သူ့စစ်တပ်ရဲ့ သေနတ်ပစ်ပြိုင်ပွဲ တက်ခဲ့တဲ့ ဓာတ်ပုံတွေကို အစိုးရမီဒီယာမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက်နေ့က ထုတ်လွှင့်ပါတယ်။ သူနဲ့အတူ မြောက်ကိုရီးယားအဆင့်မြင့်အရာရှိတွေ ဖြစ်တဲ့ ဗဟိုကော်မတီ ဒုညွှန်မှူး ညီမဖြစ်သူ ကင်မ်ယိုဂျွန်နဲ့ မြောက်ကိုရီးယားစစ်တပ် ဒုခေါင်းဆောင် ဟွမ်ပြုံးစိုတို့လည်း တက်ရောက်တယ်လို့ ကေအာရ်တီရုပ်သံက ဆိုပါတယ်။ ပြိုင်ပွဲအပြီးမှာတော့ ကင်ဂျုံအန်းဟာ အမှတ်ကောင်းရခဲ့တဲ့ အမှတ် ၃ ခြေလျင်တပ်ရင်းက စစ်သားတွေကို ဆုချီးမြှင့်ပြီး သူတို့နဲ့အတူ အုပ်စုလိုက် ဓာတ်ပုံရိုက်ခဲ့တယ်လို့ ရုပ်သံမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဒီပွဲ ကျင်းပတဲ့နေ့ရက်နဲ့ နေရာကို မဖော်ပြခဲ့ပါဘူး။ နျူကလီးယားဗုံးအသေးစား ထုတ်လုပ်နိုင်ပြီလို့ လတ်တလောမှာ ပြောဆိုလာတဲ့ မြောက်ကိုရီးယားဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအပြီး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုခဲ့ပေမယ့် စစ်ပြေငြိမ်း စာချုပ်ကို မချုပ်ရသေးလို့ သဘောတရားအရ တောင်ကိုရီးယားနဲ့ စစ်ပွဲ ဖြစ်ပွားနေဆဲပါ။ ဓာတ်ပုံ - ရိုက်တာ [gallery ids="76306,76307,76308,76309,76310,76311,76312,76313,76314,76315,76316,76317,76318"]

A d v e r t i s e m e n t With Us

More News
Up