မက်ဒေါနယ် အစားအစာ မသန့်သည့်အရာများပါဝင်မှု ဂျပန်ဆိုင်ခွဲ တောင်းပန်

1.5K
ဂျပန်နိုင်ငံ မက်ဒေါနယ်ဆိုင်တွေက ရောင်းချခဲ့တဲ့ အစားအစာတွေထဲမှာ မသန့်ရှင်းတဲ့အရာတွေ ပါဝင်ခဲ့တဲ့အတွက် ဂျပန်ဆိုင်ခွဲ ဒုဥက္ကဋ္ဌက မနေ့က တောင်းပန်ခဲ့ပါတယ်။
“ဆိုင်က ရောင်းချတဲ့အစားအစားတွေမှာ မသန့်ရှင်းတဲ့ အရာတွေ တွေ့ရှိခဲ့တဲ့အတွက် စားသုံးသူတွေ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။ အဲ့ဒါအတွက် အနူးအညွတ်တောင်းပန်ပါတယ်” လို့ ဒုဥက္ကဋ္ဌ Aoki က သတင်းစာရှင်းလင်းပွဲမှာ တောင်းပန်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံ မက်ဒေါနယ်အစားအစာတွေထဲမှာ မသန့်ရှင်းတဲ့အရာတွေ ၃ ကြိမ်တိတိတွေ့ရှိခဲ့တာပါ။
ပြီးခဲ့တဲ့တပတ်က ကြက်ကြော်ထဲမှာ ဗီနိုင်းစ၊ သြဂုတ်လက အာလုံးချောင်းကြော်ထဲမှာ လူသွားတချောင်း၊ ဒီဇင်ဘာလက ချောကလက်ရေခဲမုန့်ထဲမှာ ပလတ်စတစ်စ တွေ့ရှိခဲ့တာပါ။
အာလူးကြော်ထဲမှာ လူသွားတချောင်း တွေ့ရှိခဲ့တဲ့ကိစ္စတုန်းကတော့ ဘယ်လိုလုပ် လူသွားတချောင်း ပါလာခဲ့လဲဆိုတာ မသိရှိဘူးလို့ ဒုဥက္ကဋ္ဌက ပြောဆိုခဲ့ပြီး နောက် ဒီလိုမဖြစ်စေရဘူးလို့လည်း ပြောဆိုပါတယ်။
အသက် ၂၄ နှစ်အရွယ် တိုကျိုမြို့ခံတဦးကတော့ ဒီအစားအစာတွေဟာ နဂိုကတည်းက ကျန်းမာရေးအတွက် သိပ်ကောင်းတဲ့ အစားအစာတွေ မဟုတ်တဲ့အတွက် မသန့်ရှင်းတဲ့အရာတွေ ပါပါနေတယ်ဆိုလည်း ဒီလိုပဲဖြစ်မှာပဲလို့ ပြောဆိုပါတယ်။
အရင်က တရုတ်ကုမ္ပဏီတွေကို ကုန်ကြမ်းလက်ခွဲပေးခဲ့လာတာကနေ ပြီးခဲ့တဲ့နှစ်က မသန့်မရှင်းလုပ်တဲ့ပြဿနာတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ထိုင်းကုမ္ပဏီ ၃ ခုကို ပြောင်းလဲငှားရမ်းခဲ့ပြီး လူသွားတချောင်း တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။