A d v e r t i s e m e n t With Us

အိန္ဒိယကွန်ဂရက်ပါတီဝင်ခေါင်းဆောင်၏ဇနီး အဆိတ်ခတ်ခံရမှုကြောင့် သေဆုံးဟုဆို

အိန္ဒိယအတိုက်အခံပါတီ ဖြစ်တဲ့ ကွန်ဂရက်ပါတီက ခေါင်းဆောင်တဦးဖြစ်သူ နိုင်ငံရေးသမား ရှရှိသာရိုး (Shashi Tharoor) ရဲ့ ဇနီးဖြစ်သူ စုနန်ဒါ ပွတ်ရှ်ခါ (Sunanda Pushkar) ဟာ အဆိပ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ အိန္ဒိယရဲမင်းကြီး ဘီအက်စ် ဘက်စီ(BS Bassi) က ပြီးခဲ့တဲ့ ဇန်န၀ါရီ ၆ ရက်နေ့က ပြောပါတယ်။ [caption id="attachment_76265" align="aligncenter" width="558"]စုနန်ဒါ ပွတ်ရှ်ခါ (ဓာတ်ပုံ - abplive) စုနန်ဒါ ပွတ်ရှ်ခါ (ဓာတ်ပုံ - abplive)[/caption] ဒေသခံမီဒီယာတွေကတော့ သာရိုးဟာ ပါကစ္စတန်အခြေစိုက် သတင်းထောက်တွေနဲ့ ပတ်သက်နေတယ်ဆိုတဲ့ အဆိုပြုချက်ကို တွစ်တာလူမှုကွန်ရက်ပေါ်တင်အပြီး ရက်ပိုင်းအတွင်း နယူးဒေလီက ဟိုတယ်ခန်းထဲမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက သေဆုံးနေတာကို တွေ့ခဲ့တာလို့ အစီရင်ခံပါတယ်။ သူသေဆုံးမှုအပြီး ရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တဲ့ ရင်ခွဲစစ်ဆေးမှုထဲမှာတော့ စိတ်ကျရောဂါ သက်သာစေတဲ့ဆေးတွေကို အလွန်အကျွံ သောက်မိလို့ သေဆုံးတာ ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။ ရဲတွေကတော့ ပွတ်ရှ်ခါ သေဆုံးနေတဲ့ ဟိုတယ်ခန်းထဲက သုံးပြီးသား အယ်လ်ပရက်ဇ်လို့ သိကြတဲ့ ဆေးကတ်ကို တွေ့ခဲ့တယ်လို့ ပြောပါတယ်။ ဒီဆေးဟာ စိတ်သောက၊ အအိပ်မမှန်မှုနဲ့ စိတ်ဓာတ်ကျမှုတွေကို ခံစားနေရတဲ့ လူနာတွေ သောက်လေ့ရှိတဲ့ ဆေးဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်း ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ ဆေးလည်း ဖြစ်ပါတယ်။ မနှစ်က တနှစ်လုံး သေဆုံးမှု အကြောင်းရင်းကို မေးခွန်းတွေ ထုတ်ခဲ့အပြီး ဒေလီရဲတွေက ဒီသေဆုံးမှုဟာ သဘာဝမကျဘူးလို့ ဇန်န၀ါရီ ၆ ရက်နေ့ကမှ အတည်ပြုခဲ့ပါတယ်။ ပွတ်ရှ်ခါရဲ့ မောင်နှမဝမ်းကွဲ အရှုတ်ခ်ကူးမားကတော့ သူဟာ အသတ်ခံရတာ ဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ နှောင့်နှေးခဲ့တယ်လို့ ပြောပါတယ်။ ပွတ်ရှ်ခါတို့ ဇနီးမောင်နှံဟာ ၂၀၁၀ ခုနှစ်က လက်ထပ်ခဲ့တာ ဖြစ်ပြီး ၂ ယောက်လုံးရဲ့ တတိယအကြိမ်မြောက် အိမ်ထောင်လည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up